ဒူဘိုင်းမှာ ဆောက်မယ့် Museum of the Future



အနာဂတ်ရဲ့ ပြတိုက် (Museum of the Future) လို့ အမည်ပေးထားတဲ့ ပြတိုက် ကို ပုံမှာ ယခုလို မြင်တွေ့ရပါတယ်။ သူက 3D ဒီဇီုင်းတစ်ခုဖြစ်ပြီး စတင် တည်ဆောက်နေပါပြီ။ နေရာကတော့ ဒူဘိုင်းမြို့မှာ ဖြစ်ပါတယ်။


အနာဂတ်ပြတိုက်လို့ ဆိုတဲ့အတိုင်းပဲ သူက အနာဂတ် စက်ရုပ် ကမ္ဘာကို မျော်မှန်းပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ အဆင့်မြင့်ဆုံး နည်းပညာများ ကို ပြသထားမှာ ဖြစ်ပြီး ပြတိုက်ရဲ့ လုပ်ဆောင်ချက် အားလုံး နီးပါးကို စက်ရုပ်များနဲ့ ထိန်းချုပ်စေမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒီတော့ သန့်ရှင်းရေးက အစ စက်ရုပ်ကို မြင်တွေ့ရမယ့် စီမံကိန်း ဖြစ်ပါတယ်။ ကုန်ကျစရိတ် ကတော့ အမေရိကန်ဒေါ်လာ ၁၃၆ သန်း ဖြစ်ပါတယ်။

တိုက်ပုံစံကလည်း လ ပုံစံ အကွင်း ပြုလုပ်ထားပြီး အထဲမှာ လည်ပတ်လို့ရတဲ့ နေရာက ပုံစံအကွင်း နေ၇ာတိုင်း ဖြစ်ပါတယ်။ ခင်းကျင်းထားမှုလည်း ထူးခြားမှာ ဖြစ်ပြီး ကမ္ဘာမှာ နည်းပညာနဲ့ ပက်သက်ရင် စွန့်ဦးတီထွင်သူများအတွက် အကောင်းဆုံး လေ့လာစရာ နေရာ တစ်ခု ဖြစ်လာမယ် ဖြစ်ကြောင်း ကြွေးကြော်ထား ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_yyl

0 comments: