နှစ်၅၀၀ နေရစေမည့် Google ၏ စီမံကိန်း



Google ဟာ လူသားတွေကို အသက် ၅၀၀ အထိ နေစေချင်ကြောင်း သိသားတဲ့ ပရောဂျက်တစ်ခုကို စတင်လိုက်ပါပြီ။ Google တစ်ခုတည်း မဟုတ်ပဲ Apple ပါ ပါဝင်လို့ ငွေကြေးဖြင့် အားဖြည့်ပေးတဲ့ သုတေသန ပရောဂျက် တစ်ခု ဖြစ်ပြီး ယင်း ပရောဂျက်ဟာ လူသားများကို သက်တမ်း ၅၀၀ မက နေစေမှာ ဖြစ်ကြောင်း ဆိုပါတယ်။


အထူးသဖြင့် ကင်ဆာ နဲ့ လူအဖြစများဆုံး ရောဂါများကို အရင်ဆုံး ရှာဖွေ သုတေသန ပြုလုပ်ပြီး ရောဂါ လုံးဝ မဖြစ်စေမယ့် နည်းလမ်းနဲ့ ပျောက်ကင်းရန် နည်းလမ်းကို ရှာဖွေခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ရှည်စေမယ့် အသက် မအိုမင်းလွယ်စေမယ့် နည်းလမ်းနဲ့ ဆေးပညာကိုလည်း ရှာဖွေနေခြင်း ဖြစ်ပါတယ်။ ယင်းအတွက် ငွေကြေး ဘယ်လောက် အကုန်ကျခံပြီးတော့ သုတေသန ပြုလုပ်နေတယ်ဆိုတာတော့ မပြောပါဘူး။

အမေရိကန်မှ ဆေးပညာ အဖွဲ့တစ်ခုမှာ ငွေကြေးဖြင့် ထောက်ပံ့ထားပြီး ကြိုးစားလျက် ရှိကြောင်း သိရပါတယ်။
.
Ref: metro
အောင်ခမ်း (www.innewsmyanmar.com)

0 comments: