လမ်းလျှောက်သော အိမ်



ခြေထောက် ၆ ချောင်း ပါဝင်ပြီး လမ်းလျှောက်နိုင်တဲ့ အိမ်ကို အမေရိကန် MIT က ကျောင်းသားများနဲ့ ဒိန်းမတ်က N55 လို့ အမည်ရတဲ့ ဒီဇိုင်း ကုမ္ပဏီတို့မှ ၂၀၀၈ ခုနှစ်တုန်းက ပူးပေါင်း ဖန်တီးခဲ့ ပါတယ်။


ပုံမှာ မြင်တွေ့နေရတဲ့ အိမ် ဖြစ်ပြီး အထဲမှာ လူ ၄ ယောက် နေနိုင်ပါတယ်။ ခြေထောက်များကို မောင်းနှင်နိုင်ပြီး လူတစ်ယောက် လမ်းလျှောက်နဲ့ အမြန်နှုန်းအတိုင်း မောင်းနှင် နိုင်ပါတယ်။ ခြေထောက်မှာ မြေပြင်ကို အာရုံခံတဲ့ စနစ်နဲ့ GPS ပါဝင်ပြီး ခြေထောက် ထောက်ရန် အဆင်ပြေမပြေကို သူ့ဘာသာသူ ချိန်ဆပြီးတော့ ရပ်တည်နိုင်ပါတယ်။ အိမ်ကို ပြုလုပ်ထားတဲ့ ဆလင်ဒါ ပုံစံက အလားတူ အိမ်များကို လာရောက် တွဲဆက်ရင် တွဲဆက်နိုင်အောင် ရည်ရွယ်ထားပြီး မိသားစုဝင် များရင် နောက်ထပ် အတွဲ များနဲ့ ဆက်ပြီးတော့ ရပ်နေနိုင်အောင် ဖြစ်ပါတယ်။

အထဲမှာ ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာ အစရှိသဖြင့်တို့ စုံလင်စွာ ပါဝင်ပြီး အပေါ်က ခေါင်မိုးကိုလည်း ဖွင့်လို့ အပေါ်တက်နိုင်ပါ သေးတယ်။ မိုးရွာရင် ရေခံမယ့် စနစ်လည်း ပါဝင်ပါတယ်။ အညစ်အကြေး စွန့်စနစ်၊ ရေစွန့် စနစ်တို့ကိုလည်း သေချာ ပြုလုပ်ထားပြီး ရာသီဥတု အမျိုးမျိုးမှာ အသုံးပြုလို့ ရအောင် လေအေးပေး၊ လေနွေးပေး စနစ်များလည်း ပါဝင်ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက ဖန်တီးပေမယ့် ကုန်ကျစရိတ်ကြောင့်မို့ အရေအတွက် များများ မထုတ်နိုင်သေးပါဘူး။ လောလောဆယ် အင်္ဂလန်က သုတေသန စင်တာ တစ်ခုမှာ အလှအဖြစ် ထားရှိပြသ ထားပါတယ်။

ဓာတ်ပုံနှင့်တကွ အသေးစိတ်ကို http://www.n55.dk/MANUALS/WALKINGHOUSE/walkinghouse.html မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။

အောင်ခမ်း 

0 comments: