ကိုကာကိုလာ ဗူး ဒီဇိုင်းသစ်



ပုံမှာ မြင်တွေ့နေရတာကတော့ ကိုကာကိုလာရဲ့ ဗူး ဒီဇီုင်းအသစ် ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ ထွက်ရှိသွားမှာ ဖြစ်ပြီး ကမ္ဘာအနှံ့ကိုလည်း ရောက်ရှိမယ့် ဒီဇိုင်းဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် မြန်မာပြည် ရောက်မရောက်တော့ မသိပါဘူး။


ကိုလာရိုးရိုး, Diet Coke, Coke Zero, Coke Zero Zero အစရှိသဖြင့် တို့ ဖြစ်ပါတယ်။ Coke Zero ကတော့ အားလုံးသိကြတဲ့ အတိုင်း သကြားမပါ ကိုလာ ဖြစ်ပြီး Coke Zero Zero ကတော့ သကြားတင်မက ကဖင်းဓာတ်ပါ မပါတော့မယ့် ကိုလာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုကာကိုလာဟာ လူမျိုးပေါင်းစုံ၊ အမျိုးအစား ပေါင်းစုံအတွက် ဈေးကွက်ထိုးဖောက်ရန် ပြင်ဆင်ခြင်း ဖြစ်ပါတယ်။

အချို့နိုင်ငံမှာဆိုရင် ကိုကာကိုလာကို ကြိက်နှစ်သက်လွန်းပြီး အိမ်ခန်းကို ကိုကာကိုလာ အရောင်နဲ့ သံဗူးများကို အသုံးပြုလို့ အလှဆင်တဲ့အထိတောင် ပြုလုပ်ကြောင်း သိရပါတယ်။

Ref: Metro
အောင်ခမ်း (ရိုးရာလေး)
#aungkham_inm
www.innewsmyamar.com

0 comments: