လူငယ်များ အွန်လိုင်းပေါ်တွင် ဈေးဆိုင်ဖွင့်လို့ရစေမယ့် ကေမူးရဲ့ အစီအစဉ်





 ၁၀ တန်း နွေရာသီကျောင်းပိတ်တဲ့အချိန်မှာ အချို့လူငယ်များ အနေနဲ့ တက္ကသိုလ် မတက်သေးခင် စပ်ကြား ကာလမှာ အင်တာနက် အသုံးပြုမှုနဲ့လည်း ရင်းနှီးသွားအောင် အွန်လိုင်း ဈေးဆိုင်ဖွင့်ပေးတဲ့ အခွင့်အလမ်း ရှိကြောင်း သိရပါတယ်။ သူက ၁၀တန်း ဖြေပြီးသူများ အပြင် တက္ကသိုလ်ကျောင်း တက်နေသူများ အတွက်ပါ ရည်ရွယ်တဲ့ အစီအစဉ် ဖြစ်ကြောင်း သိရပါတယ်။ 


အစီအစဉ် ဖန်တီးပေးတဲ့ အဖွဲ့အစည်းကတော့ www.kaymu.com.mm မှ ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေသူများ အနေနဲ့ ကိုယ်တိုင် အလုပ်ဖန်တီးလာနိုင်အောင် ရည်ရွယ်ကြောင်း ဆိုပါတယ်။ “ယခုလို ဈေးဆိုင်ကို အွန်လိုင်းမှာ ဖွ့င်စေတာဟာ သူတို့အတွက်ပါ။ သူတို့လေးတွေ အင်တာနက် ကောင်းကောင်း သုံးတတ်လာမယ်။ အွန်လိုင်းပေါ်မှာ နည်းစနစ်ကျကျ ဈေးရောင်း တတ်လာမယ်။ လူတွေနဲ့ ပိုပြီးတော့ ထိတွေ့ဆက်ဆံရလာမယ်၊ သူတို့အတွက် အပိုဝင်ငွေလေးတွေ တစ်ပိုင် တစ်နိုင် ဝင်လာစေမယ်” လို့ ကေမူးမှ တဝန်ရှိသူ တစ်ဦးက ဖြေကြားပေးခဲ့ပါတယ်။ 

kaymu ဝဘ်ဆိုဒ်မှာ ကျောင်းသား တစ်ယောက် အနေနဲ့ ဈေးဆိုင်ဖွင့်ဖို့အတွက် စာရင်းပေးလိုက်ပြီ ဆိုတာ နဲ့ ဝဘ်ဆိုဒ်မှာ အရောင်းမန်နေဂျာ၊ အကောင့် မန်နေဂျာနဲ့ အခြားသော လူများက ကူညီ အားဖြည့်ပေးမှာ ဖြစ်ပြီး အမြဲ ဆက်သွယ်၍ အကြံဥဏ်ပေးခြင်း၊ နည်းလမ်း ပေးခြင်းများလည်း ပြုလုပ်သွား မှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါဟာ နိုင်ငံတကာမှာ အောင်မြင်လျက်ရှိတဲ့ အွန်လိုင်း ဈေးရောင်း ဈေးဝယ် ဝဘ်ဆိုဒ် အတော်များများမှာ ပြုလုပ်တဲ့ အစီအစဉ် ဖြစ်ပြီး မြန်မာပြည်မှာပါ ယခုလိုတွေ ရှိလာတဲ့ အတွက် တိုးတက်မှုများ ပိုမို ဖြစ်လာမှာကို မြင်မိ ပါတယ်။ အဓိကအားဖြင့် လူငယ်များ အနေနဲ့ Facebook မှာတင် အချိန်ဖြိုးနေတာမျိုးတင် မကတော့ပဲ အင်တာနက်ကို အကျိုးရှိရှိ အသုံးချတတ်လာ ပါမယ်။ သူက Mobile App ပါ ပေးထားတာကြောင့် မိုဘိုင်းဖုန်းကနေလည်း အကျိုးရှိရှိ သုံးတတ်သွားစေအုံးမှာ ဖြစ်ပါတယ်။ 


လေ့လာစရာများလည်း တစ်ရက်ထက်တစ်ရက် တိုးလာနေမှာ ဖြစ်တာကြောင့် ဘဝကျောင်းမှာ ပညာ အသစ် သင်ရတာနဲ့ ကွာခြားမှာတောင် မဟုတ်ပါဘူး။ ဒါ့အပြင် ပညာသင်နေရင်း တစ်ဖက်တစ်လမ်းကနေ ဝင်ငွေ ရရှိစေမယ့် နည်းလမ်းလည်း ဖြစ်တာကြောင့် ယင်းကဲ့သို့ အစီအစဉ်များကို ကြိုဆို ပါတယ်။ 

0 comments: