တံငါရွာကို ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံတစ်ခု ဖြစ်အောင် တည်ထောင်ပေးခဲ့သူ ကွယ်လွန်



တစ်ချိန်တုန်းက တံငါရွာလေးတစ်ခုကို ယနေ့ ကမ္ဘာ့အလယ်မှာ အချမ်းသာဆုံး နိုင်ငံ စာရင်းထဲ ပါဝင်အောင် စွမ်းဆောင်ပေးခဲ့သူကတော့ ပုံမှာ မြင်တွေ့နေရတဲံ လီကွန်ယု ဖြစ်ပါတယ်။ ယနေ့မနက် ၃ နာရီကပဲ ဆုံးသွားပါပဲ။ စင်္ကာပူ နိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်ပါတယ်။


အသက် ၉၁နှစ်အရွယ်မှာ ဆုံသွားတာ ဖြစ်ပါတယ်။ စင်္ကာပူရဲ့ ဝန်ကြီးချုပ်ဖြစ် တာဝန်ထမ်းဆောင်ပြီး အကြီးတန် ဝန်ကြီး၊ ဝန်ကြီး အကြံပေး လမ်းညွန်သူ အစရှိသဖြင့် တာဝန်ထမ်းဆောင်ပြီး စင်္ကာပူနိုင်ငံရဲ့ နိုင်ငံရေးကို အသက်ဆုံးခါနီးလောက်အထိ လုပ်ကိုင် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ စင်္ကာပူ နိုင်ငံရဲ့ အချိန်တိုအတွင်း တိုးတက်သွားမှုဟာ လီကွန်ယုရဲ့ ကျေးဇူး အဖြစ် တစ်နိုင်ငံလုံးက ခံယူထား ပါတယ်။

တရုတ်လူမျိုး ဖြစ်ပြီး ဗြိတိန်နိုင်ငံက တက္ကသိုလ်ကြီး တစ်ခုမှာ ဥပဒေ ပညာ သင်ယူခဲ့သူ ဖြစ်ပါတယ်။ စင်္ကာပူမှ လက်ရှိတွင် လီကွန်ယု ကွယ်လွန်တဲ့ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် တစ်ပတ်စာ သတ်မှတ်ထားပြီး တစ်ပတ်အတွင်း အသုဘ အခမ်းအနား ပြုလုပ်မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (www.innewsmyanmar.com)

0 comments: