ရုရှားမှ ခွေးဝက်ဝံ



 Caucasian Shepherd Dog လို့ အမည်ရတဲ့ ရုရှားနိုင်ငံက ခွေးများကို ကမ္ဘာ့အကြီးဆုံး ခွေးများ စာရင်းထဲ ထည့်သွင်းထားပါတယ်။ သူဟာ အရပ်အမြင့် ၂ပေခွဲ ရှိပြီး ခြေနှစ်ချောင်း ထောက်ရပ်လိုက်ရင် ၅ ပေကျော် ၆ ပေနီးပါးအထိလည်း မြင့်ပါတယ်။


ရုရှားနိုင်ငံတင်မက ယင်းနိုင်ငံနဲ့ နီးစပ်တဲ့ ဂျော်ဂျီယာနဲ့ အခြားသော ဥရောပ နိုင်ငံများမှာလည်း မြင်တွေ့ရ ပါတယ်။ ကျန်းမာ သန်စွမ်းတဲ့ ခွေးများ ဖြစ်ပြီး အမဲလိုက်တဲ့အခါ သခင်များနဲ့ အတူလိုက်လေ့ ရှိပါတယ်။ အသက် ၁၂ နှစ်သား လောက်အထိ အသက်ရှင်ကြပါတယ်။ ပေါင်ချိန် ၁၀၀ ဝန်းကျင်အထိ အလေးချိန်ရှိနိုင်ပါတယ်။ ဥာဏ်ရည်မြင့်မားတဲ့ ခွေးလည်း ဖြစ်ပြီး သင်ပေးရ လွယ်ကူ ပါတယ်။

အိမ်မွေးအဖြစ် မွေးလိုသူများလည်း ကြိုက်နှစ်သက်တဲ့ ခွေးဖြစ်ပေမယ့် ဈေးကြီးတာကြောင့် ဝယ်ရလက်ပါတယ်။ ရှားလည်း ရှားလာ နေပါပြီ။ တောင်တက်ခွေးများ ဖြစ်ပြီး အမွှေးများ အင်မတန် ထူပါတယ်။ သူက အအေးပိုင်းမှာပဲ နေနိုင်တဲ့ခွေးများ ဖြစ်တာကြောင့် ပူအိုက်တဲ့ဘက်ကို ခေါ်သွားရင်တော့ ခပ်ကြာကြာနေနိုင်မှာ မဟုတ်ပါဘူး။ သူ့ကို bear dog ခွေးဝက်ဝံလို့လည်း ခေါ်ပါသေးတယ်။
.
Ref: wiki
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments: