ဒုတိယ ကမ္ဘာစစ်သာ ဖက်ရှင်စစ်ပွဲဖြစ်လျှင် နာဇီနိုင်



ဒုတိယ ကမ္ဘာစစ်သာ လူလူချင်းသတ်တဲ့ စစ်ပွဲ မဟုတ်ပဲ ဖက်ရှင်စစ်ပွဲသာ ဖြစ်မယ် ဆိုရင် အနိုင်ရမယ့်သူက ဟစ်တလာ ဦးဆောာင်တဲ့ ဂျာမနီ နာဇီ ဖြစ်မယ်လို့ ပြောစမှတ်ပြုကြပါတယ်။ အကြောင်းကတော့ ဟစ်တလာရဲ့ တပ်အတွက် လိုအပ်တဲ့ ယူနီဖောင်းကို ထုတ်ပေးတဲ့ အမှတ်တံဆိပ်က Hugo Boss ဖြစ်ပါတယ်။


Hugo Boss ကို သိတဲ့သူများ သိကြမှာပါ။ ကမ္ဘာကျော် ဖက်ရှင်ပစ္စည်း ကုန်အမှတ်တံဆိပ် ဖြစ်ပြီး အဝတ်အစား၊ ရေမွေး၊ ခါးပတ်၊ ဖိနပ်၊ လက်အိပ်၊ ဦးထုပ် အပြင် အခြားသော မြောက်များစွာသော ဖက်ရှင် ပစ္စည်းများကို ထုတ်လုပ် ပါတယ်။ ကုမ္ဗဏီတည်ထောင်တဲ့ Hugo Boss အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ ၁၉၂၄ ခုနှစ်က ကုမ္ဗဏီ စတင် တည်ထောင်ပါတယ်။ စီးပွားရေး ကျလို့ ဒေဝါလီခံပြီးမှ Hugo ဟာ နာဇီကုန်သည်များအသင်းကို ဝင်ရောက်ခဲ့ ပြီး နာဇီအဖွဲ့ ထောက်ပံ့မှုကို ရရှိခဲ့ပါတယ်။ ဒါကြောင့်မို့ စက်ရုပ်ပြန်လည်လည်ပတ်ပြီး ဖက်ရှင်ပစ္စည်းများကို ထုတ်လုပ်ပါတယ်။ နာဇီ တပ်ဖွဲ့အတွက်လည်း စစ်ဝတ် ယူနီဖောင်းများကို ထုတ်လုပ်ပြီး ဟစ်တလာ ကိုယ်တိုင် သဘောကျခဲ့ပါတယ်။ ဟစ်တလာလည်း စက်ရုံသို့ သွားရောက် လည်ပတ်ခဲ့ပါသေးတယ်။

စစ်ပြီးချိန်မှာတော့ ပိုင်ရှင်ဖြစ်သူဟာ ၁၉၄၈ ခုနှစ်မှာ သွားကင်ဆာ ရောဂါ တစ်မျိုးနဲ့ ဆုံးပါတယ်။ သူ့ကိုတော့ တရားစွဲမယ်ဆိုတဲ့အခါ လူသတ်ထားတဲ့ သမိုင်းမရှိပေမယ့် စက်ရုံမှာ စစ်သုံ့ပန်းများကို ကျွန်အဖြစ် အသုံးချခဲ့မှုနဲ့ တရားစွဲတာကြောင့် ငွေကြေးကို အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီ လျော်ရပါတယ်။ ၂၀၀၅ ခုနှစ်မှာလည်း နောက်တစ်ခါ ထပ်လျော်ရပါ သေးတယ်။ သူလျော်ရတဲ့ ငွေကြေးဟာ များပြားပေမယ့် စီးပွားပျက်သွားတယ် မရှိပဲ ကုမ္ဗဏီဟာ ဆက်လက်တည်မြဲခဲ့ပါတယ်။

ယနေ့တိုင်လည်း ကမ္ဘာအနှံ့မှာ အောင်မြင်နေတဲ့ ကုန်အမှတ်တံဆိပ် တစ်ခု အဖြစ် ရှိနေပြီး စစ်ပွဲသာ ဖက်ရှင်ပွဲ ဖြစ်ရင် Hugo Boss ကြောင့် နာဇီ နိုင်နိုင်တယ်လို့တောင် ပြောစမှတ်ပြုစေ ခဲ့ပါတယ်။
.
Ref: wiki
အောင်ခမ်း (www.innewsmyanmar.com)

0 comments: