ဂျာမန် အမျိုးသမီးပေါင်း ၃ သိန်းနီးပါး စစ်ကာလအတွင်း အဓမ္မအကျင့်ခံခဲ့ရ



ဂျာမနီနိုင်ငံအခြေဆိုက် သမိုင်း စာရေးဆရာမ တစ်ဦးရဲ့ ရေးသားချက်အရ ဒုတိယ ကမ္ဘာစစ်ကာလအတွင်းမှာ ဂျာမနီ အမျိုးသမိးပေါင်း ၂၈၅၀၀၀ (သုံးသိန်း နီးပါး) အဓမ္မ အပြုကျင့်ခံခဲ့ရကြောင်း ဆိုပါတယ်။


အမေရိကန် စစ်သားများရဲ့ ပြုကျင့်မှုက ၁၉၀၀၀၀ (၁သိန်း ၉သောင်း)၊ ဗြိတိန်မှ (၄သောင်း၅ထောင်) နဲ့ ပြင်သစ်စစ်သားများက ၅သောင်း ဆီ အဓမ္မ ပြုကျင့်ခဲ့ကြောင်း စာရင်းထုတ်ပြန်ပါတယ်။ အမေရိကန်နဲ့ ၎င်း နိုင်ငံအသီးသီးရဲ့ ထုတ်ပြန်ချက်ကတော့ ထောင်ဂဏန်းဝန်းကျင်သာ ဖြစ်ပေမယ့် တကယ်တန်းကျတော့ ယခုလို များပြားနေကြောင်းကို သမိုင်းစာရေးဆရာမက ထောက်ပြခဲ့ ပါတယ်။ ဂျာမနီရဲ့ ဘာလင်မြို့မှာတင် မက အခြား အထင်ကရမြို့များမှာပါ ပြုလုပ်ခဲ့ကြပြီး အချို့ မိန်းကလေးတွေ ဆိုရင် မိမိကိုယ်ကို အဆုံးစီရင်သွားကြသူများတောင် ရှိကြောင်း ထွက်ဆို ပါယ်။

အချို့အမျိုးသမီးတွေဆိုရင် ၎င်းတို့ရဲ့ ချစ်သူရည်းစားများက ပြန်လက်မခံ တော့တာကြောင့် တစ်သက်လုံး ဆေးသမား ဘဝ နဲ့ ကုန်ဆုံးသွားရသူများပါ ရှိကြောင်း ဆိုပါတယ်။ ဂျာမနမှာပဲ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်လူမျိုးများနဲ့ မွေးဖွားတဲ့ လူဦးရေတင်ကို ၃ ထောင်နီးပါးရှိကြောင်းလည်း စာရင်းများအရ ထွက်ဆိုပါတယ်။ ယင်းဖြစ်ရပ်များဟာ D Day လို့ခေါ်တဲ့ အမေရိကန်တို့ ဥရောပကို တက်သိမ်းတဲ့ စစ်ပွဲကနေ စတင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ၁၉၄၅ ခုနှစ်ကနေ ၁၉၅၅ ခုနှစ်ကြား ၁၀နှစ်တာ ကာလတွင် ဖြစ်ကြောင်း ရေသား ဖောပြထားပါတယ်။ အသေးစိတ်ကို http://www.dailymail.co.uk/news/article-3011930/Did-Allied-troops-rape-285-000-German-women-s-shocking-claim-new-book-German-feminist-exposing-war-crime-slandering-heroes.html မှာ ဖတ်နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments: