Samsung Galaxy S5 ကို ၂၀၁၄ ဇန်နဝါရီတွင်မိတ်ဆက်ပြသမည်



Samsung Galaxy S4 တောင် ရောင်းအားကောင်းနေဆဲ Samsung Galaxy S5 ကို မိတ်ဆက်မယ့် သတင်းက ထွက်နေပါပြီ။ Samsung Official ကတော့ မဟုတ်ပါဘူး။ တောင်ကိုရီးယား အခြေဆိုက် Joseilbo ဝဘ်ဆိုဒ်မှ ရေး သားဖော်ပြချက် ဖြစ်ပါတယ်။


၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပမယ့် CES မှာ မိတ်ဆက်ပြ သပြီး ဖေဖော် ဝါရီလ မှာ ရောင်းချမယ်လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။ အကယ်၍ သတင်းတွေသာ အမှန်ဆိုရင် Sasmung ရဲ့  S4 ရောင်းအားကို ထိခိုက်နိုင်အုံးမှာပါ။ လက်ရှိမှာ အလုံးရေ သန်း ၂၀ ရောင်းချခဲ့ပြီး ဖြစ် ပါတယ်။ S5 မှာ ထူးခြားချက် ကတော့ ပလပ်စတစ်ကိုယ်ထည် မဟုတ်တော့ပဲ အလူမီနီယံ ကိုယ်ထည်ဖြစ်လာမယ်လို့ ရေးသား ဖော်ပြ ထားပါတယ်။ Exynos 5430 64-bit CPU ကို အသုံးပြုထားမှာမို့ 64 bit processor သုံးတဲ့ iPhone 5S ပြီးရင် ဒုတိယ ဖုန်းတစ်လုံး ဖြစ်လာ မှာ ဖြစ်ပါတယ်။ ကင်မရာက 16 megapixel ပါ။

အခြားသော နည်းပညာအရ မြင့်တက်လာတဲ့ Specification များကို လည်း မြင်တွေ့ရမယ်လို့ ဆိုပါတယ်။ ဒီပုံ အတိုင်းဆိုရင် Samsung Galaxy Note 4 လည်း တစ်နှစ်မပြည့်ခင် ထွက်ရှိနိုင်ချေ ရှိတယ်လို့ ခန့်မှန်း ထားကြ ပြန်ပါတယ်။ Samsung Galaxy S5 ကို တရားဝင်မိတ်ဆက်ရန် ရှိမရှိ Samsung က တရားဝင် ထုတ်ပြန်ပြောဆို မှုကို စောင့်ဆိုင်းလျက် ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham ( International news for myanmar )

.

0 comments: