ပေါ်တူဂီမှထီးမိုးသောလမ်း



သာမန်လမ်းလေးပါပဲ။ ဓာတ်ပုံရိုက်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ထီးခဏ မိုးလိုက်တာ ဖြစ်ပါတယ်။


ပေါ်တူဂီနိုင်ငံ၊ Agueda မြို့ က လမ်းတစ်နေရာမှာ ဖြစ်ပြီး ဓာတ်ပုံဆရာ  Patricia Almeida မှ ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ နေ့လည် နေသာနေချိန်ဖြစ်ပြီး လမ်းမှာ အစိမ်းရောင် ကော်ဇော ထပ်ခင်းထားပါတယ်။ ခုန်ပေါ်မှာ လူတစ်ယောက် ထိုင်နေပြီး လမ်းအဝေးမှာ လူအချို့ လမ်းလျှောက်နေတဲ့ ယင်း ဓာတ်ပုံဟာ ကို ယခင်လကမှ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

ထီးမိုးသော လမ်းအမည်ရ ခေါင်းစဉ်နဲ့ အင်တာနက်ပေါ် တင်လိုက်တဲ့ ယင်း ဓာတ်ပုံဟာ အင်တာနက်မှာ ရေပန်းစားလျက် ရှိကြောင်း သိရပါတယ်။
--
Ref: amazingfacts
Aung Kham ( International news for myanmar )

.

0 comments: