iPhone 5S လက်ဗွေ စနစ် သုံးသင့် မသုံးသင့်



Apple ရဲ့  iPhone 5S မှာ Fingerprint Scanner ID ပါလာတာ အားလုံ မျက်မြင်ကိုယ်တွေ့ ပါပဲ။ ယခု Scanner နဲ့ ပက်သက်လို့ မေးစရာ ၊ တွေးစရာ၊ ပြောစရာတွေ အများကြီး ရှိပါတယ်။


လောလောဆယ်အထိကတော့ Apple ရဲ့ ပြောဆိုချက်အရ လက်ဗွေ မှတ်တမ်း များကို Local Device မှာပဲ Save လုပ်ပြီး World Wide Server ကို ကူးဆက်မသွားစေဘူးလို့ ဆို ပါတယ်။ ဆိုလိုရင်းကတော့ iCloud တို့လို Cloud Storage ထဲကို မရောက်ရှိဘူးလို့ ဆိုပါတယ်။ အရင် pin code စနစ်နဲ့တုန်းက ဖုန်းပျောက်ရင်တောင် Search my mobile ဆိုတဲ့ app နဲ့ Apple Device များကို အလွယ်တကူ ရှာတွေ့နိုင်ပြီး Apple ရဲ့  Server နဲ့ Syns လုပ်ထားပါတယ်။ အကယ်၍ လက်ဗွေတွေကို Syns လုပ်သွားရင် ဘာဖြစ်မလဲဆိုတာ စဉ်းစားစရာပါ။

ဟုတ်ကဲ့။ ကမ္ဘာပေါ်က iPhone 5S အသုံးပြုသူတိုင်းရဲ့  ကိုယ်ရေးမှတ်တမ်းနဲ့ လက်ဗွေရာ အားလုံးကို Apple က ပိုင်ဆိုင်သွားပါတယ်။ Apple ဆိုတာ အမေရိကန်အခြေဆိုက် နည်းပညာ ကုမ္မဏီ တစ်ခုပါ။ အမေရိကန်မှာ နည်းပညာ ကုမ္မဏီအများစုဟာ FBI, NSA တို့လို ထိပ်တန်း အေးဂျင့်များရဲ့  စေခိုင်းမှုအောက်မှာ ရှိနေပါတယ်။ ဥပမာ Microsoft ရဲ့  keylocker မှာတော့ back door ထည့်ရလောက်တဲ့အထိ အာဏာရှိကြပါတယ်။ ဒီတော့ သင်သာ iPhone 5S သုံးရင် သင့်လက်ဗွေကစလို့ အချက်အလက်အားလုံး ကို Apple က ပိုင်သွားပါပြီ။ လောလောဆယ်ကတော့ လက်ဗွေကို Local မှာပဲ save လုပ်တယ်လို့ဆိုပေမယ့် ရှုပ်ထွေးလှတဲ့ နည်းပညာလောကမှာ ဘယ်သူမှ  အာမ မခံ နိုင်ပါဘူး။

ဒီတော့ iPhone 5S ရဲ့  လက်ဗွေ စနစ်ကို အသုံးပြုသင့်မပြုသင့် နဲ့ ဘယ်လို နည်းပညာသုံး စမတ်ဖုန်းများမှာ လက်ဗွေလုံခြုံရေး စနစ် သုံးသင့်မသုံး သင့်ကို ချင့်ချိန်ရန် လိုအပ်တယ်လို့ နည်းပညာရှင်တို့ တိုက်တွန်း ထားကြောင်း သိရပါတယ။်
.
အောင်ခမ်း ( International news for myanmar )

.

0 comments: