ဆန္ဒနှင့် ထပ်တူညီရန်


သားဖြစ်သူ ထောင်ကျနေတယ်။ အမေဖြစ်သူမှာ ကူမယ့်သူမရှိပါဘူး။ တောရွာထဲမှာ တစ်ဦးတည်းလယ်စိုက်စားပြီး နေထိုင်သူ ဖြစ်ပါတယ်။ မိုးဦး လယ်စိုက်ချိန် ရောက်လာတော့ ထောင်ကျနေသူ သားထံကို ယခုလို စာပို့ ပါတယ်။


"သားရေ။ သားနေကောင်းလား။ အမေလည်း နေကောင်းတယ်။ သို့ပေမယ့် အရင်လောက် အလုပ်မလုပ်နိုင်တော့ဘူး။ အိမ်ခြံဝိုင်းက လွယ်ကွက်ထဲမှာ အရင်လိုပဲ သားနဲ့အတူ လယ်စိုက်ချင်သေးတာ။ သားက မြေတူးဆွပေးနေကျလေ။ ခုတော့ အမေ တစ်ယောက် တည်း ဆိုတော့ ဘာမှမလုပ်နိုင်တော့ဘူး။ သားလေး ပြန်လာမယ့်နေ့ကိုပဲ မျော်နေမယ်။

ချစ်သော မေမေ"

ဒီတော့ အထက်ပါ စာဖတ်ပြီးနောက် ထောင်ထဲရောက်နေတဲ့ သားဟာ အမေ့ထံ အောက်ပါအတိုင်း စာပြန်ပို့ပါတယ်။

"မေမေရေ။ ခြံထဲက မြေကို သွားမတူးမိစေနဲ့။ ခြံမြေထဲမှာ သားသုံးခဲ့တဲ့ လက်နက်ပစ္စည်းတွေ မြေမြှုပ်ထားခဲ့တယ်။ ဘယ်သူမှ မသိစေနဲ့။ မေမေ့ကို အမြဲ သတိရတယ်။

တစ်နေ့ပြန်ရောက်လာမယ့် အမေ့ရဲ့  သား"

ဒီတော့ ရက်ပိုင်းအတွင်းပဲ ခြံဝိုင်းထဲကို ရဲတပ်ဖွဲ့ရောက်လာပြီး မြေလှန်တူးဆွ ပါတယ်။ လက်နက်များ တွေ့လိုတွေ့ငြားတူးဆွပေမယ့် ဘာလက်နက်မှ မတွေ့ပါဘူး။ ဒါကြောင့် လက်လျော့ပြီး ပြန်ထွက်ခွာ သွားပါတယ်။ နောက်တစ်နေ့မှာပဲ သားထံမှ စာတစ်စောင် အမေဖြစ်သူဆီကို ရောက်လာပါတယ်။

"မေမေ ခြံစိုက်ဖို့အတွက် သား မြေတွေကို တူးဆွပေးပြီးပါပြီ။ အမေ အလွယ်တကူ စိုက်နိုင်ပါပြီ"

--
--
--
သင်ခန်းစာ - သင် ဘယ်နေရာ၊ ဘယ်အခြေအနေရောက်ရောက် တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်လိုက်ရင် ပြင်းပြတဲ့ ဆန္ဒတစ်ခုက အရေးကြီးဆုံးလိုအပ်ပါတယ်။ ဆန္ဒနဲ့ ထပ်တူညီလို့ ဆုံးဖြတ်ချက် ချပြီးရင် လက်တွေ့ အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။

.
Ref: inspirewords

Aung Kham ( International news for myanmar )

.

0 comments: