အပန်းဖြေခြင်းက တစ်ခါတစ်လေကျ စိတ်ဖိစိမှုပိုများစေ



အင်္ဂလန်နိုင်ငံရှိ စိတ်ပညာရှင် ပါမောက္ခနဲ့ သုသေသန ပြုလုပ်သူများမှ စစ်တမ်း ကောက်ယူထားမှု ဖြစ်ပါတယ်။ ယင်း စစ်တမ်း ကောက်ယူမှုအရ စိတ်အပန်းဖြေရန် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ တိတ်တိတ်ဆိတ်ဆိတ် နေခြင်းနဲ့ အခြားသော အေးဆေးသော နည်းလမ်း များက တစ်ခါတစ်ရံကျ ပိုမို စိတ်ရှုပ်ထွေးစေ၊ စိတ်ဖိစီးမှုပိုများစေကြောင်း သိရပါတယ်။


တရားထိုင်ခြင်း (Meditation) ပြုလုပ်စေပြီး သူ့ရဲ့  ခန္ဓာကိုယ်တစ်ခုလုံးရဲ့  ဖြစ်စဉ် ပြောင်းလဲမှုများ လေ့လာစောင့်ကြည့်ပါတယ်။ နှလုံးခုန်နှုန်း နှေးလာပါတယ်။ အသက်ရှုနှုန်း နှေးပြီး လေဝင်လေ ထွက် ငြိမ်လာ ပါတယ်။ နောက် ဆုံး ကိုယ်တွင်း တစ်ခုလုံး လှုပ်ရှားမှုတိုင်းဟာ ပုံမှန် ဖြစ်သွားပေ မယ့် ငြိမ်နေ ရတဲ့ အတွက် ဦးနှောက်ရဲ့  အလုပ်လုပ်မှု နှုန်းက ပိုမြန်လာပါတယ်။ ယင်းမြန်ဆန် မှုက နောက်ဆုံးတော့ တစ်ကိုယ်လုံးကို ပြန်လည်ပြန့်နှံစေပြီး စိတ်က ထိန်းတစ်ချက်၊ မထိန်းတစ်ချက်နဲ့ ပိုပြီးတော့ စိတ်ဖိစီးစေ ပါတယ်။ နောက်ဆုံး တော့ ပြန်လှုပ်ရှားမှုပြုတဲ့အခါ မူရင်း ရှိနေတဲ့ စိတ်အခြေအနေထက်တောင် ပိုပြီး ဖိစီးသွားသွားတာကို စစ်ဆေး တွေ့ရှိခဲ့ ပါတယ်။

ဒါကလည်း ပုံမှန်မဟုတ်ပါဘူး။ လူတိုင်းလည်း မဟုတ်ပါဘူး။ အချို့ လူများ အတွက် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ တိတ်တိတ်ဆိတ်ဆိတ်နေထိုင် ခြင်းတို့က စိတ်ဖိစီးမှုကို ကျဆင်းစေပေမယ့် အချို့ လူများအတွက်ကတော့ ပုံမှန် နေထိုင်မှုကသာ ပိုအကျိုးထူးကြောင်း သိရပါတယ်။
--
Ref: medic-facts
Aung Kham ( International news for myanmar )

.

0 comments: