အမေရိကန်မှ ကြက်မြို့ တော်



အင်္ဂလိပ်လို Chicken လို့အမည်ရတဲ့ မြို့ ငယ်လေး အမေရိကန်မှာ တကယ် ရှိပါတယ်။ အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်မှာ ဖြစ်ပြီး လူဦးရေ နည်းတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။


ဧရိယာအားဖြင့် ၁၁၅ စတုရန်မိုင်ဝန်းကျင်သာ ကျုယ်ပြီး အိမ်ခြေ ၂၁ အိမ် ရှိပါတယ်။ သို့ပေမယ့် လူဦးရေ ကတော့ ၁၇ ဦးဝန်းကျင်မှာပဲ ရှိပါတယ်။ သက္ကရာဇ် ၁၈၀၀ ခုနှစ် နောင်းပိုင်းကစလို့ ရွှေတူးဖော်ခြင်းလုပ်ငန်းက Chicken ဒေသမှာ လူသိများခဲ့ပြီး တစ်ချိန်က လူအတော်လေး စည်ပါတယ်။

နောက်ပိုင်း ရွှေထွက်ရှိမှု နည်းလာပြီး လူဦးရေ တစ်ဖြည်းဖြည့် ကျဆင်းလာရာမှ ၁၀ ဂဏန်းအောက်ထိတောင် ရောက်သွားရပါတယ်။ လက်ရှိ အချိန်ထိတော့ ရွှေထွက်နေသေးတဲ့ နေရာတွေ ရှိနေပါသေးတယ်။ အိမ်ခြေနည်းပြီး စားသောက်ဆိုင်၊ဓာတ်ဆီဆိုင်၊တည်းခိုခန်းတို့လည်း ဖွင့်လှစ်ထားပါတယ်။

နာမည်ဆန်းပြားမှုကြောင့် လာရောက်လေ့လာသူ များပြားပြီး ကြက် (chicken) ဟုအမည်ပေးသော ယင်းမြို့ က ကမ္ဘာပေါ်မှာ တစ်ခုတည်းသော မြို့ အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
--
Ref: wiki
Aung Kham ( International news for myanmar )

.

0 comments: