ခဲတံတွေဘာကြောင့် အဝါရောင် ဖြစ်ရသလဲ



ဒီနောက်ပိုင်း အရောင်စုံ ရှိပါတယ်။ သို့ပေမယ့် ခဲတံဆိုရင် များသော အားဖြင့် အဝါရောင်နဲ့ မြင်တွေ့ရမှာပါ။ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်ပြည်မှာ အဝါရောင် အသုံးများပါတယ်။ အကြောင်းကတော့ --


၁၈၉၀ ကျော်က ကပါ။ အမေရိကန်မှာ ခဲတံတွေကို အဝါရောင် အဖြစ် ထုတ်လုပ်ပါတယ်။ ၁၈၀၀ ကျော်ကတည်း တရုတ်ပြည်မှာ ခဲတံထုတ်ပါတယ်။ ထုတ်ဖို့အတွက် အသုံးပြုတဲ့ ခဲက အဆင့်မြင့် ဂရက်ဖိုက် ပါ။ ဒီတော့ တရုတ်ပြည်မှာ ဂရက်ဖိုက် အဆင့်မြင့်ကြောင်း၊ ကောင်းမွန်ကြောင် ပြချင်ရင် အဝါရောင် အမှတ်အသား ကို အသုံးပြုပါတယ်။ အခြားသော အရောင်များလည်း ရှိပေမယ့် အဝါရောင် နဲ့ ခဲတံဆိုရင် ခဲသားအင်မတန်ကောင်းတဲ့ ခဲတံလို့ သတ်မှတ်ပါတယ်။

ဒါကြောင့် အမေရိကန်မှာလည်း တရုတ်ပြည်က အဆင့်မြင့် ဂရက်ဖိုက်ကို အသုံးပြုကြောင်း သိစေရန်အလို့ငှာ အဝါရောင်ကို ပိုမို သုံးစွဲ ခဲ့ ပါတယ်။ နောက်ပြီးတော့ အဝါရောင်မှာ သစ္စာရှိမှု၊ တော်ဝင်ဆန်မှု အမှတ် အသားအနေနဲ့လည်း သတ်မှတ်ပြီး စွဲစွဲမြဲမြဲ အသုံးပြုခြင်း ဖြစ်ပါတယ်။

ဒါကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အဝါရောင် ခဲတံ များ ပေါ်ထွန်း လာစေခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: knowtrue

Aung Kham ( International news for myanmar )

-

0 comments: