အတ္တလန္တိတ် သမုဒ္ဒရာကို မိုးပျံဘောလုံးနဲ့ဖြတ်မယ့် Jonathan Trappe



အမေရိကန်နိုင်ငံက Jonathan Trappe လို့အမည်ရတဲ့ ပုဂ္ဂိုလ်ပါ။ အမှန် တကယ်တော့ သူ့ရဲ့  အသက်မွေး ဝမ်းကျောင်း ပညာရပ်က IT Manager ဖြစ်ပေမယ့် မိုးပျံဘောလုံးနဲ့ စွန့်စားခရီးသွားခြင်းကို ခုံမင်လာတာ အတော်လေးကြာနေပါပြီ။


သက္ကရာဇ် ၂၀၁၀ ခုနှစ်တုန်းကလည်း မိုးပျံပူပေါင်း အလုံး ပေါင်းများစွာ ချိတ်ဆွဲဖို့ အင်္ဂလန်တူးမြောင်းကို ကျော်ဖြတ် ခရီးသွားခဲ့ပါတယ်။ သမိုင်းမှာ ယင်းကဲ့သို့ စံချိန်တင်တဲ့ Balloonist အင်မတန် နည်းပါးပြီး သူဟာ ယင်း လူတန်းစားထဲကို စတင် ပါဝင်လာစေခဲ့ ပါတယ်။ ဒီတစ်ခါ စံချိန်တင်မှာက ပိုပြီးတော့ ခက်ခဲပါတယ်။ ဘယ်သူမှတောင် မလုပ်သေးပါဘူး။ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်သန်းလို့ ခရီးနှင်ခြင်း ဖြစ်ပါတယ်။ အင်မတန် အန္တရာယ်များတဲ့ စွန့်စားမှုပါ။ သို့ပေမယ့် သူ ခရီးစဉ်ကို စတင်နေပြီ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ ရတဲ့အတိုင်းပါပဲ။ ဟီလီယံကုန်မယ့်ဘောလုံး အစား ပြန်အစား ထိုးမယ့် ဓာတ်ငွေနဲ့ ဘောလုံးအသစ် များကို အသစ်ပြင်လို့ ခရီးသွားနေ ပါတယ်။ စားစရာ အလုံအလောက်ထည့် ထားပြီး မြေပေါ် ပြန် ဆင်းဖို့က အတော်လေး လိုပါသေးတယ်။ သူ့ရဲ့  ခရီးစဉ်ကို မှတ်တမ်း တင်ထားကြပြီး Jonathan ဟာ ဂင်းနစ် စံချိန်တင်ဖို့ အထိပါ ရည်ရွယ် ထားကြောင်း သိရပါတယ်။
.
အောင်ခမ်း ( International news for myanmar )
Ref: wiki,Xinhua.

.

0 comments: