သီတင်းကျွတ် INM ဆုတောင်း နှင့် အမှတ်တရစကား


သီတင်းကျွတ် လပြည့်နေ့သည် ဂေါတမ မြတ်စွာဘုရား တာဝတိံတာ နတ်ပြည်တွင် အဘိဓမ္မာ တရား ဟောကြားပြီးသဖြင့် လူ့ပြည်ကို ပြန်ကြွသော နေ့ထူးနေ့မြတ် တစ်နေ့ ဖြစ်ပါသည်။


တာဝတိံနတ်ပြည်မှာ ဆင်းလာတဲ့ ကောင်းကင်လမ်းတစ်လျှောက် ပတ္တမြား ဇောင်းတန်းမှ စသည့် အရောင်အဆင်း စုံလင်သော စောင်းတန်း သုံးသွယ်ကို နတ်တို့က ဖန်ဆင်းပေးကုန်သည်။ နတ် စောင်း၊ တူရိယာတို့ဖြင့် တီးခတ်နှုတ်ဆက် ပို့ဆောင်တော်မူသည်။

အရောင်အဆင်း လင်းလက်တောက်ပမှုများ၊ အသံ နဝင်ချိုသာမှုတို့အား လူ့ပြည်မှ မြင်တွေ့ရသော၊ ကြားသိရသော လူသားတို့က မြတ်စွာဘုရားကို ကြည်ညို သဒ္ဒါ ပွားများကုန်သည်။

ယင်းအခြေအနေ၊ အချိန်အခါကို အမှတ်အသားပြု၍ သီတင်းကျွတ် လပြည့်နေ့ ရောက်တိုင်း စောင်းတန်းသုံးသွယ် သဏ္ဍာန်လင်းလက် သည့် ရောင်ခြည် ကို ပေးသကဲ့သို့ ကြည်ညိုရစေရန် မီးခြူး၊ မီးပန်းဖောက်ခြင်း၊ ဆီမီးတို့ ထွန်းခြင်း၊ နတ်စောင်းသံသာအတွက် ဗျောက် အိုဖောက် ခြင်း တို့ ပြုလုပ်ကုန်အပ်ပြီး မြတ်စွာဘုရား လူ့ပြည် ပြန်အကြွ ကို ရှိခိုး ပူဇော်ကြကုန်သည်။

အဘိဓမ္မာကျမ်းဟူသည် ဗုဒ္ဓဘာသာအတွက် အနစ်၊ အခရာ ကျသော တရား တော်များ စုစည်းထားခြင်း ဖြစ်ရာ အဘိဓမ္မာပျောက်သည့်နေ့၊ သာသနာ ကွယ်သည့်နေ့ဟုပင် ပြောစမတ်ပြုကြသည်။

ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့စေရန် ကောင်းမှုကုသိုလ်ပြုလုပ်ရင်း သတင်းကျွတ်လပြည့်နေ့အား မင်္ဂလာအတိဖြင့် ကုန်ဆုံးစေရန် International news for myanmar မှ ဆုမွန်ကောင်း တောင်းအပ် ပါသည်။

အောင်ခမ်း ( International news for myanmar )

.

0 comments: