Spray ဖြန်းလိုက်ရုံနဲ့ အိပ်ပျော်စေမယ်



ညအိပ်မပျော်သူများအတွက် ကုန်ပစ္စည်း တစ်ခုကို ၂၀၁၂ ခုနှစ်ကတည်းက မိတ်ဆက်ခဲ့ကြဖူးပါတယ်။ ယင်းကတော့ Sprayable Sleep လို့ အမည်ရတဲ့ ရေမွေးကဲ့သို့ ဘူး ဖြစ်ပါတယ်။


ယင်း ဘူးထဲမှာ ပါဝင် အရည်က အိပ်ဆေးမှာ ပါဝင်တဲ့ဓာတုများ ဖြစ်ပြီး များသောအားဖြင့် ကျန်းမာရေး ထိခိုက်မှု အနည်းနိုင်ဆုံး ဖြစ်အောင် ဖန်တီးထားတဲ့ ဆေးရည် ဖြစ်ပါတယ်။ သူ့ကို လည်ပင်းမှာ တစ်ချက်လောက် ဖြန်းလိုက်တာနဲ့ တစ်နာရီအတွင်း အိပ်ပျော်ပါတယ်။ ဒါတောင် နှိုးလာပြီးတော့ အိပ်မရ ဖြစ်နေသေးရင် နောက်တစ်ခါ ထက် ဖြန်းရင် အိပ်ပျော်သွားမှာ ဖြစ်ပါတယ်။

ယင်းဆေးရည်ကို တီထွင်စက လူကြိုက်များပြီး ဆေးဝါး ဥပဒေအရ လူတိုင်း ဝယ်သုံးခွင့် ရှိမရှိ ကတော့ နိုင်ငံအပေါ်မှာ မူတည်ပါတယ်။ ဥပမာ မြန်မာပြည်မှာ ဆိုရင် မသိသလောက်ကို ရှားတဲ့ ဆေးဘူး ဖြစ်ပါတယ်။ ဖြန်းပြီးလိုက်ရင်လည်း အိပ်မက်ကောင်းကောင်း မက်ပြီး အိပ်ရေးဝကြောင်း ဆိုပါတယ်။
.
Ref: Cnet
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments: