ကမ္ဘာ့ အသက်အကြီးဆုံး ကြောင်



ပုံမှာ မြင်တွေ့နေရတဲ့ ကြေင်ဟာ ကမ္ဘာ့ အသက်အကြီးဆုံး ကြောင် ဖြစ်ပြီး လူ့အသက်နဲ့ တွက်ချက်ယူမယ်ဆိုရင် အသက် ၁၂၁ ရှိပြီ ဖြစ်ပြီး ကြောင် အသက် နဲ့ တွက်ချက်မယ် ဆိုရင်တော့ ၂၆ နှစ်ရှိပြီ ဖြစ်ပါတယ်။


အမည်ကတော့ Tiffany Two လို့ အမည်ရပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီဂိုမှာ မွေးဖွား ကြီးပြင်းတဲ့ ကြောင် ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့က ဖွားမြင် ပါတယ်။ သူမဟာ အသက်ကြီးလာပြီး ကြောက်ရွံ့မှုလည်း မရှိပါဘူး။ ခွေးတွေ အရှေ့မှာလည်း ခပ်တည်တည်နဲ့ လမ်းလျှောက်ပြီး လူတွေကိုလည်း မကြောက် ပါဘူး။ သွားလာမျုကတော့ အရင်လို မမြန်ဆန်တော့ပေမယ့် ကျန်းမာနေဆဲ ဖြစ်ပါတယ်။

Tiffany Two ဟာ ယခုဆိုရင် ဂင်းနစ် စံချိန်ထဲမှာ ပါဝင်တဲ့ ကမ္ဘာ့ အသက်အကြီးဆုံးကြောင် ဖြစ်နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: metro
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments: