ပေ ၉၀၀၀ အမြင့် တောင်ပေါ်မှာ လက်ထပ်ခွင့်တောင်းသတဲ့



Rossel Sabourin လို့ အမည်ရတဲ့ အမျိုးသားဟာ ၂၀၁၂ ခုနှစ်တုန်းက သူ့ချစ်သူကို ပေ ၉၀၀ အမြင့်ရှိတဲ့ Canadian Rockies တောင်အမြင့်ကနေ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ယင်းဓာတ်ပုံကို ဒီရက်ပိုင်းမှာ အများသိအောင် ထုတ်ဖော်ပြသခဲ့ပြီး နာမည်ကြီးလာပါတယ်။



သူနဲ့သူ့ချစ်သူဟာ ယင်းရေခဲတောင်ပေါ်ကို တက်တုန်း လက်ထပ်ခွင့်တောင်းမယ်လို့ မပြောထားပါဘူး။ တော်ပေါ်ရောက်မှ ရုတ်တရက်စီစဉ်ခဲ့ခြင်း ဖြစ်ပြီး တောင်ထိပ် bow lake ရေကန်ကို လှမ်းမြင်ရတဲ့ အမြင့် တောင်စောင်းမှာ ညစာ အတူစားလို့ လက်ထပ်ခွင့်တောင်းခြင်း ဖြစ်ပါတယ်။ နေရာဟာ ကြောက်စရာ ကောင်းပေမယ့် သူတို့အတွက်ကျ ရိုမတ်တစ် ဆန်သတဲ့။ ချစ်သူဟာလည်း ယခုလို စွန့်စွန့်စားစား နေရာကို အရောက်ခေါ်လာပြီး လက်ထက်ခွင့်တောင်းတာကို သဘောကျရှာပါတယ်။

သူတို့နဲ့ အတူ ဓာတ်ပုံဆရာ တစ်ဦးလည်း လိုက်ပါလာပြီး လိုက်လံ ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ စားပွဲခုံများကို ကျကျနန ခင်းကျင်းထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ဟာ မင်္ဂလာဆောင် ပြီး အိမ်ထောင်အတူတူ တည်ဆောက်နေကြပါပြိ။ Rossel အနေနဲ့ ယနေ့ခေတ် စုံတွဲများ လည်း လက်ထက်ခွင့်တောင်းတာကို အကောင်းဆုံး အထူးခြားဆုံး ဖန်တီးနိုင်အောင် ဓာတ်ပုံကို မျှဝေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments: