အိပ်ရာဝင်လည်း အင်တာနက်သုံးချင်သူများအတွက် ခေါင်းအုံး



အိပ်ရာဝင်လည်း အိပ်ရာပေါ်ကနေ အင်တာနက်ကို လက်မပင့်ပဲ သုံးလို့ရမယ့် ခေါင်းအုံးမျိုးကို ဂျပန်နိုင်ငံက ကုမ္ဗဏီတစ်ခုမှ ထုတ်လုပ် လိုက်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပါပဲ ခေါင်းအုံးပေါ်ကမှာ လက်တံတစ်ခုရှိနေပြီး ယင်းလက်တံမှာ ဖုန်းကို တပ်ဆင်နိုင်ပါတယ်။


ပြီးတော့ ယင်းဖုန်းကို လက်တစ်ဖက်နဲ့ နှိပ်လို့ အသုံးပြုနိုင်ပါတယ်။ ဒီတော့ ဖုန်းထဲကနေ ဗီဒီယိုလေးတွေ ကြည့်တာတို့ လုပ်မယ်ဆိုလဲ အဆင်ပြေပါတယ်။ ခေါင်းအုံးရဲ့ တန်ဖိုးကလည်း သက်သာပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်မယ် ဆိုရင် ၂၅ ဒေါ်လာ ဝန်းကျင်ပဲ ရှိတာကြောင့် မြန်မာကျပ်ငွေအားဖြင့် ၂သောင်းခွဲ ဝန်းကျင် လောက်ပဲ ရှိပါတယ်။

ယင်းကို ဂျပန်နိုင်ငံမှာ ထုတ်လုပ်ပြီး ဥရောပ၊ အမေရိက ဈေးကွက်တို့မှာ ဖြန်ချိ နေပါပြီ။ မြန်မာပြည်ကတော့ မရောက်သေး ပါဘူး။ မှာယူချင်ရင်တော့ အွန်လိုင်း ဈေးဝယ် ဝဘ်ဆိုဒ်တွေကနေ မှာယူ နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments: