iTunes က သီချင်းများကို သင်မပိုင်



 iTunes မှ သီချင်းများကို မိမိဟာ ဝယ်ရတယ်လို့ ထင်ပါသလား။ အမှန်တော့ ယင်းက ငှားသုံးထားချင်းသက်သက်သာ ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ အကယ်၍ မိမိ ကွယ်လွန်သွားရင်တောင် မိမိရဲ့ အကောင့်နဲ့ ဖွင့်ထားပြီး ပိုက်ဆံပေး သွင်းထားတဲ့ သီချင်းများကို နောက်တစ်ယောက်ဆီ ပြန်လွဲပေးခဲ့လို့ မရ ပါဘူး။


မိမိဟာ ငှားထားခြင်း ဖြစ်တဲ့အတွက် ပြန်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သီချင်းကို ပြန်လည်သိမ်းဆည်းခွင့်ကို iTunes မှ ပိုင်ဆိုင်ထားပါတယ်။  ဒီတော့ မိမိရဲ့ အကောင့် ပရိုဖိုင်နဲ့ အချက်အလက်ကို အခြားတစ်ယောက်စီ လွဲပေးခဲ့ရင်တောင် အကယ်၍ ယင်း ပရိုင်ဖိုင်နဲ့ လူဟာ မရှိတော့ဘူးဆိုတာ သိရင် ပေးမသုံးတော့ ပါဘူး။ iTunes ကနေ ဒေါင်းလုပ်ဆွဲထားတုန်း သုံးလို့ရပေမယ့် အွန်လိုင်းဖွင့် Sync လ်ုပတဲ့အခါ မရှိတော့လဲလူ တစ်ယောက်ရဲ့ ပိုင်ဆိုင်တဲ့အရာ ဖြစ်နေရင် ငှားထားတဲ့ ပစ္စည်းကို ပြန်ယူတဲ့ သဘောနဲ့ ပြန်ယူပါတယ်။

iTunes ကသီချင်းတွေကို အခြားဘယ်သူတွေနဲ့မှလည်း မျှဝေလို့ မရအောင် Apple မှ ပိတ်ထားပါတယ်။  Apple  မှ user များအတွက် ပေးထားတဲ့ အရာ အားလုံးက တစ်ဦးတစ်ယောက်ချင်းစီအတွက်သာ ဖြစ်ပြီး အများစုဟာလည်း အပြီး မဟုတ်ပဲ အငှားအဖြစ် ပေးထားတယ် ဆိုတာကို Terms and Condition မှာ ရေးသားထားတာကြောင့် စိတ်ရှည်သူများ ဖတ်ကြည့် နိုင်ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments: