ဆိုဗီယက်နဲ့ အမေရိကန် စစ်တပ်တို့ အနီးစပ်ဆုံး ထိပ်တိုက်တွေ့ချိန်



အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီ ထပ်ခြမ်းကွဲစအချိန် စစ်အေးကာလက အချိန် ဖြစ်ပါတယ်။ အရှေ့ဂျာမနီဟာ ဆိုဗီယက် (ယနေ့ ရုရှား) ရဲ့ ထောက်ပံ့ အားပေးမှု အောက်ကို ရောက်ပြီး အနောက်ဂျာမနီက အမေရိကန်ရဲ့ ကူညီထောက်ပံ့မှုကို ရောက်ရှိတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ အမေရိက်နဲ့ ဆိုဗီယက် စစ်ဖြစ်ရန် နီးကပ်ဆုံး အချိန်ကာလ တစ်ခုလည်း ဖြစ်ပါတယ်။

အမေရိကန်ရဲ့ သံအမတ် တစ်ဦး ဖြစ်သူ Allan Lightner ဟာ အရှေ့ဂျာမနီကို ဆွေးနွေးရေး ကိစ္စ သွားရန် ရှိတဲ့အချိန် အရှေ့ဂျာမနီ ကို ဝင်သွားတဲ့အခါ ဆိုဗီယက်တပ်မှ စစ်ဆေးမှုများ ပြုလုပ်လို့ နယ်စပ်မှာ စောင့်ဆိုင်းပါတယ်။ ဂျာမနီနှစ်ခြမ်း အုပ်တံတိုင်းကာရန် စီစဉ်နေတဲ့ အချိန်ကာလ ဖြစ်ပြီး အမေရိကန် နဲ့ ရုရှား စစ်တပ် နှစ်ဖက်က မီတာ ၁၀၀ အဝေးကနေ ယခုလို ချိန်ထားခဲ့ကြပါတယ်။ တစ်ဖက်ကို တင့်ကား ၁၀ စီးကိုယ်စီနဲ့ တူညီတဲ့ တပ်အင်အား ပမာဏ ရှိပြီး အသင့်အနေအထားနဲ့ စောင့်ကြည့်ခဲ့ကြ ပါတယ်။

အမေရိကန် သမ္မတ ကနေဒီရဲ့ ညီ ဖြစ်သူ အမေရိန် အမတ် တစ်ဦး ဖြစ်သူ Allan Lightner နဲ့ ရုရှား စပိုင် ဖြစ်သူ Georgi Bolshakov တို့ လျှို့ဝှက်တွေ့ဆုံမှု ပြီးနောက် စစ်မဖြစ်ပဲ ငြိမ်းချမ်းစွာနဲ့ တပ်များ ယုတ်သိမ်းခဲ့ ပါတယ်။ အောက်တိုဘာလ ၂၇ မှာ တပ်စွဲပြီး ၂၈ မှာ ပြန်လည် ဆုပ်ခွဲသွား ခဲ့ခြင်း ဖြစ်ပါတယ်။

ယင်းအချိန်တုန်းက ဆိုဗီယက်နဲ့ အမေရိကန်ဟာ စစ်အင်အားအရရော အဘက်ဘက်အရရော ဘက်တူညီနေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။
.
Ref: wiki
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments: