အသက်ရှည်တဲ့ အဖွားရဲ့ လျှို့ဝှက်ချက်



ကမ္ဘာ့ အသက်အရှည်ဆုံး လူသား ဖြစ်တဲ့ အမေရိကန်မှ Gertrude Weaver လို့ အမည်ရတဲ့ အဖွားအိုဟာ သူ့ရဲ့ အသက်ရှည်တဲ့ လျှို့ဝှက်ချက်ကို ဖောက်သည်ချခဲ့ပါတယ်။


သူ့အနေနဲ့ sex နဲ့ ပက်သက်လို့ ဘာမှ မလုပ်ပါဘူး။ အိပ်ရေးဝဝ အိပ်ပါတယ်။ အရက်သေစာ မသောက်စားပါဘူး။ ကြက်ဥ ပုံမှန်စားပါတယ်။ နောက်တစ်ခုကတော့ လူတွေကို ကောင်းမွန်စွာ ပြောဆိုဆက်ဆံခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ သူပြောတဲ့ အထဲမှာ ကြက်ဥကို စားရမယ် ဆိုတဲ့ အချက်က ထူးဆန်းသွားတာကြောင့် လူတွေဟာလည်း ကြက်ဥဟာ တကယ်ပဲ အသက်ရှည်စေတဲ့ ဆေးနည်းတစ်ခုလေလားလို့ မေးခွန်းတွေ ထုတ်လာကြ ပါတယ်။

ဘာပဲ ဖြစ်ဖြစ် အဖွားအို Gertrude ရဲ့ လမ်းစဉ်ကို သဘောတူပြီး အချို့ဟာ လိုက်လံ ကျင့်ကြံ နေထိုင်ကြည့်နေကြပြီ ဖြစ်ပါတယ်။
.
Ref: metro
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments: