နိုင်ဂျီးရီးယားမှာ ကလေးစစ်သားများ



 နိုင်ဂျီးရီးယားနိုင်ငံမှာ ယနေ့လူသိများတဲ့ နိုင်ငံတကာက စောင့်ကြည့်နေရတဲ့ အကြမ်းဖက် အဖွဲ့ကတော့ ဘိုကိုဟာရန် ဖြစ်ပါတယ်။ သူတို့ဟာ ကလေးပေါင်း ရာဂဏန်းကို ပြန်ပေးဆွဲပြီး ၎င်းတို့ရဲ့ စစ်တပ်မှာ ပြန်လည် အသုံးချလျက် ရှိပါတယ်။


၂၀၁၄ ခုနှစ်အတွင်း လူပေါင်း ၂ သောင်းကို သတ်ဖြတ်ခဲ့တဲ့ စံချိန်နဲ့ ဘိုကိုဟာရန်ဟာ အင်အားကြီးလို့လာပါတယ်။ ပုံမှာကတော့ ဘိုကိုဟာရန်ဟာ ကလေးစစ်သား အယောက် ၃၀ ကို စစ်ပညာ သင်ကြားပေးနေသူ ဓာတ်ပုံ ဖြစ်ပါတယ်။ စစ်ပညာသင်ကြားပေးနေမှု ဓာတ်ပုံနဲ့ ဗီဒီယိုများကို တင်ခဲ့ပြီး လူ့အခွင့်အရေး စောင့်ကြည့်သူများက ယင်းပုံများကို Twitter ပေါ်မှာ ယခုလို ပြန်လည် မျှဝေခဲ့ခြင်း ဖြစ်ပါတယ်။

သေချာ လေ့ကျင့်ပြင်ဆင်ပေးထားတဲ့ ကလေးငယ်များဖြစ်ပြီး AK47 အပြင် ဆီမီးအော်တို စက်သေနတ်များလည်း ကောင်းကောင်း ပစ်နိုင်ပါတယ်။ သူတို့ဟာ ၂၀၁၅ ခုနှစ်မှာလည်း ကလေးစစ်သားများကို ပိုမို စုဆောင်းပြီး စစ်ဆင်ရေးများမှာ အသုံးပြုသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
.
Ref: dailymail
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments: