အင်ဂျင်နီယာ လူငယ်တွေကို ဗြိတိန်ပေါင်း ငါးသိန်း လှူဒါန်းတဲ့ Will.I.Am


Will.I.Am ဆိုတာ The Black Eyed Peas ဟစ်ဟော့ အဖွဲ့ မှ အဆိုတောာ် တစ်ဦး ဖြစ်ပါတယ်။ အမေရိကန်မှာ အောင်မြင်ရုံသာ မက ဗြိတိန်က BBC အသံလွင့် ဌာန တစ်ခုမှာလည်း ပညာရှင် တစ်ဦး အဖြစ် လုပ်ကိုင် ပေးနေ ပါတယ်။ သူဟာ အဆို ပညာရပ်မှာတင် မကပဲ အသံဖမ်း အင်ဂျင်နီယာ ပညာရပ်၊ Programming, အီလက်ထရောနစ် အစရှိသဖြင့် တို့ကို စုံလင်စွာ တတ်ကျွမ်းပြီး လုပ်ငန်းခွင်က လူငယ် များကိုတောင် ပြန်သင်ပေး နေပါတယ်။

ဗြိတိန် နိုင်ငံက အင်ဂျင်နီယာ ကျောင်း တစ်ခုမှာ သူဟာ အမေရိကန်ဒေါ်လာ ငါးသိန်း လှူဒါန်း ခဲ့ ပါတယ်။ ရည်ရွယ်ချက် ကတော့ အနုပညာ ဖန်တီး မှု မှာ အရေးကြီး ပါဝင်လာတဲ့ Digital revolution မှာ လူငယ် အင်ဂျင်နီယာများ ပါဝင် လာစေဖို့ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း သင်ကြား ပေးပြီး လူငယ် များကို လည်း သင်ကြား ပေး ပါတယ်။  i.am.angel Foundation ဆိုတဲ့ လှူဒါန်းမှု ဖောင်ဒေးရှင်း တစ်ခုပါ ထောင်ထားပြီး The Black Eyed Peas အဖွဲ့သား များကပါ လှူဒါန်း မှုများ ပြုလုပ် ပါတယ်။

Will.I.Am အနေနဲ့ သူ့ရဲ့ လှူဒါန်းမှုများကို အနုပညာလောက အတွက်တင် မကပဲ အိုင်တီ နဲ့ အင်ဂျင်နီယာ ဆိုင်ရာ ပညာရပ်များမှာပါ  ပိုမို တိုးမြင့် သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: