မန်ယူ ဂျာဆီ အသစ်မှာ Chevrolet ကား လိုဂို မြင်တွေ့ နိုင်ပြီ


AON နဲ့ စာချုပ် အဆုံးသတ်ပြီးတော့ မန်ယူနဲ့ အသစ်ချုပ်ဆို လိုက်တဲ့ စာချုပ်က အမေရိကန် အခြေဆိုက် Chevrolet ကား ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ၇ နှစ် စာချုပ် ဖြစ်ပြီး ကန်ဒေါ်လာ သန်း ၅၆၀ ကျော် တန်ဖိုး ရှိပါတယ်။


ဂျာဆီ ဒီဇီုင်းကို Nike က ဖန်တီးပေးခဲ့ပြီး ညာဘက်မှာ သူ့အမှတ်အသား လေးကို ဆက်လက်မြင်တွေ့ ရပါတယ်။ သို့ပေမယ့် ဒါဟာလည်း မသေချာတော့ ပြန် ပါဘူး။ ဈေးတက်သွားတဲ့ စပွန်ဆာ ကြေး ကြောင့်မို့ Nike ဟာ Adidas နဲ့ စပွန်ဆာ ရဖို့ အပြိုင်ကြိုးစား ရတော့မှာ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် ကတည်းက Nike နဲ့ လက်တွဲလာခြင်း ဖြစ်ပါတယ်။ ယခုတော့ စပွန်ဆာကြေးကို မန်ယူက တစ်နှစ်ကို ဗြိတိန်ပေါင် သန်း ၆၀ ကျော် တင်လိုက်ပြီ ဖြစ်တာ ကြောင့် Nike အတွက် အခက်အခဲ တစ်ခု ဖြစ်လာ ပါတယ်။ Adidas ဟာလည်း ဒီ အချက်ကို သိတာကြောင့် အစားထိုး ဝင်ရောက်ဖို့ ဝန်မလေပဲ ပြင်ဆင်လျက် ရှိပါတယ်။

ဝတ်ဆုံ ဒီဇိုင်းသစ်ဟာ ယနှစ်နှစ်ပေါင်းများစွာကတည်းက မပြောင်းလဲတဲ့ ဒိဇိုင်း တွေ ပေါ်မှာပဲ ပြန်လည် အခြေခံထားခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ကောလန် မပါ ဂျာဆီ ဖြစ်ပါတယ်။ Cherovlet နဲ့ Man U တို့ ပူးပေါင်း ကြော်ငြာတဲ့ commercial TV ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.dailymail.co.uk/sport/football/article-2683870/Manchester-United-kit-deal-Nike-set-end-spiralling-costs.html

အောင်ခမ်း (www.innesmyanmar.com)
.

0 comments: