ဧရာမ ဥကြီး တစ်လုံး အင်္ဂလန်မှာ တွေ့ရှိ


အင်္ဂလန်နိုင်ငံ Essex  ပြည်နယ်၊ Halstead မြို့ရှိ Holy Trinity အမည်ရ ကျောင်း တစ်ခုမှာ ထူးခြား ကြီးမားတဲ့ ဥတစ်လုံးကို တွေ့ရှိကြောင်း သိရ ပါတယ်။ 


ကျောင်း ဝိုင်းတွင်းက တစ်နေရာမှာ တွေ့ရှိခြင်း ဖြစ်ပါတယ်။ ဥဟာ တမင် ကောလ ဟလ လွင့်ခြင်း မဟုတ်ပဲ မြင်နေကျ အကောင် များရဲ့ ဥ နဲ့ အခွံတူ ပါတယ်။ လေ့လာ သူတို့ရဲ့ စမ်းသပ်ချက် အရလည်း ယင်းဟာ သတ္တဝါ တစ်ကောင်ကောင် ရဲ့ ဥ ဖြစ်ကြောင်း လက်ခံ ယူဆ ထားပါတယ်တဲ့။ အရွယ် အစား ကတော့ ရေအိုးစင် တစ်လုံးစာ ရှိပါတယ်။ ၃ ပေ ပတ်လည် အချင်း ရှိတဲ့ ဥ ဖြစ်ပါတယ်။

အလေးချိန် ကတော့ မသိရ ပါဘူး။ ကျောင်းသားကျောင်းသူ ၂၅၀ ကျော်က မြင်တွေ့ ခဲ့ရပြီး ဆရာ ဖြစ်သူကို သတင်းပေးခဲ့ခြင်း ဖြစ်ပါတယ်။ စစ်ဆေးမျုများ ပြုလုပ်နေကြောင်း ဆိုပါတယ်။ သတင်းကို Metro.co.uk မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။

http://metro.co.uk/2014/07/09/giant-alien-egg-at-school-terrifies-pupils-4792908/

အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: