ခွေးကလေး မိတ်ဆွေ အသစ် ရတဲ့ မျောက်ကလေး Mubi


Mubi လို့ အမည်ရတဲ့ မျောက်ငယ်ဟာ အာဖရိက Drill မျောက် အမျိုးအစား ထဲမှာ ပါင်ပြီး ကမ္ဘာ့ မျိုးသုန်းတော့မယ့် မျောက်မျိုးစိတ် ထဲက တစ်မျိုးပဲ ဖြစ် ပါတယ်။ Mubi ဟာ ဗြိတိန်နိုင်ငံ Port Lympne Reserve တိရစ္ဆာန် ဥယျာဉ် ထဲက မျောက်ငယ်လေး ဖြစ်ပါတယ်။


မွေးပြီးချင်း မိခင် ဖြစ်သူ စွန့်ပစ်တာကို ခံရလို့  တိရစ္ဆာန် ဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့  Simon Jeffrey က အိမ်ခေါ် မွေးစား ပါတယ်။ ပထမ တစ်ပတ် အတွင်း နှစ်နာရီ ခြား တစ်ခါ အစာကျွေးရလောက် တဲ့အထိ မျောက်ကလေး ကျန်းမာရေး ဆိုးခဲ့ ပါတယ်။ တစ်ပတ် ကြာပြီးနောက်တော့ ကျန်းမာ သွားပါ တယ်။ ယခုတော့ သူ့အတွက် အဖော်ရအောင် အိမ်ရှင်ဟာ သူမွေးထားတဲ့  Daisy အမည်ရ ပါပီပေါက် ကလေးနဲ့ တွဲပေး လိုက်ပါတယ်။ မျောက်မလေး Mubi ဆော့ဖို့ အတွက်လည်း မျောက်ဝံ ရုပ်ကလေး တစ်ရုပ် ပေးထား ပါတယ်။

Mubi ရဲ့ ချစ်စဖွယ် ပုံပန်းသဏ္ဍာန် နဲ့ ခွေးကလေး အပေါ် ချစ်ခင်စွာ နေတတ် တဲ့ သူ့ရဲ့ ဓာတ်ပုံ များဟာ အင်တာနက်မှာ ရေပန်း စားလာ ပါတယ်။
.
Ref:dailymail
အောင်ခမ်း (www.innewsmyanmar.com)

.

1 comment: