Extend နဲ့ expand အင်္ဂလိပ်စာ အသုံးအနှုန်း



တစ်ခါတစ်လေကျရင် အင်္ဂလိပ်စာမှာ မှားသုံးကြတာက Extend နဲ့ Expand ဖြစ်ပါတယ်။ ရှင်းလင်းအောင် ပြောပြ ရမယ် ဆိုရင် -


Expand

Expand ဆိုတာ မြန်မာလို တိုက်ရိုက် ပြန်ရင် ကြီးကျယ်ပြန့်ကား လာတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် စီးပွးရေး လုပ်ငန်းမှာတော့ ချဲ့ထွင် တယ် ဆိုတဲ့ အသုံး အနှုန်းမှာ အသုံးပြု နိုင်ပါတယ်။

ဥပမာ - I am expanding my business ဆိုရင် ငါ့ရဲ့ စီးပွားရေး လုပ်ငန်းကို ချဲ့ထွင် နေတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

Extend

Extend ရဲ့ အင်္ဂလိပ်လို အဓိပ္ပါယ် ကတော့ ချဲ့သည် ဆံ့သည် ဖြစ်ပါတယ်။ သို့ပေမယ့် စီးပွားရေး အသုံးအနှုန်းမှာ I am extending my business ဆိုရင် မိမိ ရှိရင်းစွဲ စီးပွားရေး လုပ်ငန်း ရဲ့ တူညီတဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုကိုပဲ ထပ် တိုးချဲ့ခြင်း အဓိပ္ပါယ် ရောက်ပါတယ်။

Expanding Business ကျတော့ ရှိရင်းစွဲ ထုတ်ကုန်၊ ဝန်ဆောင်မှု အပြင် အခြားသော ဝန်ဆောင်မှုများကိုပါ ပေါင်းစပ် တိုးချဲ့ခြင်း အဓိပ္ပါယ် ရောက် ပါတယ်။

ဒါကြောင့်မို့ Extend နဲ့ Expand ကို နေရာမှန် အသုံးပြု ကြနိုင်မယ်လို့ မျော်လင့် ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: