ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီ စာရင်းကိုင်ချုပ် ဖြစ်လာသူ တစ်ယောက် အကြောင်း


အမေရိကန် ပြည်ထောင်စု နယူးယောက် မှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ Humans of New York မီယာရဲ့ အင်တာဗျူးကို ယခုလို ဖြေကြားပေး ထား ပါတယ်။


'အိမ်ထောင်ကျပြီး ကျမ အသက် ၁၆ နှစ်မှာ ကလေး တစ်ယောက် ရတယ်။ စာမကြိုးစာလို့ ကျောင်းထုတ် ခံရတယ်။ ဒါကြောင့်မို့ မိသားစုက ဖွင့်တဲ့ အားကစား ပစ္စည်း ဆိုင်အသေးလေး မှာပဲ ဝင်ရောက် အလုပ်လုပ်တယ်။ သိပ်မကြာခင်မှာပဲ အခွန် ဆိုင်ရာ ကုမ္ပဏီ  တစ်ခုမှာ  reception ရာထူးနဲ့ ဝင်ရောက် လုပ်ကိုင်ခွင့် ရခဲ့ ပါတယ်။ ကုမ္ပဏီဟာ ကျမကို စာရင်းကိုင် ပညာ နဲ့ အခွန် ဆိုင်ရာ ကိစ္စ ရပ်များကို လေ့လာခွင့်တွေ ပေးခဲ့ ပါတယ်။  စာရင်းကိုင် အခြေခံ ဝန်ထမ်း တစ်ဦး ဖြစ်လာတဲ့ အထိတောင် လေ့လာခွင့် ရခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တော့ အဲ့ထက် အနည်းငယ် သေးတဲ့ ကုမ္ပဏီ တစ်ခုက လှမ်းခေါ်လို့ စာရိုင်းကိုင် ရာထူးနဲ့ ဝင်လုပ်ခွင့် ရခဲ့ ပါတယ်။  accounts payable, accounts receivable အစရှိသဖြင့် တို့အပြင် လုပ်ပိုင်ခွင့် တာဝန် အများ အပြားကို ပေးအပ် ပါတယ်။

နောက်တော့ ကျမ အထက်မှာ အလုပ်လုပ်တဲ့ (Controller/ စာရင်းချုပ်) ဟာ ရုတ်တရက် အလုပ်ထွက်သွားတော့ သူ့တာဝန်ကို ယာယီ လွဲပြောင်းယူခဲ့ ရပါတယ်။ နောက်တော့ ကုမ္ပဏီက ကျမဟာ ဘွဲ့၊ ဒီဂရီ တစ်ခုမှ ရမထားတဲ့ အတွက် စာရင်းကိုင်ချုပ် ရာထူးကို တရားဝင် မပေး ပါဘူး။ ဒါနဲ့ ကျမဟာ အချန် ၆ လ လောက် ရင်းပြီး ညကျောင်း တစ်ခု တက်ခဲ့ တယ်။ နောက်တော့ ဒီဂရီ တစ်ခု ရရှိပြီး ကုမ္ပဏီ ရဲ့ တရားဝင်  စာရင်းကိုင်ချုပ် (Controller of the company)  ဖြစ်လာခဲ့ ပါတယ်။'

သင်ခန်းစာ

ဘယ်လုပ်ငန်း ပညာရပ် မှာ မဆို မဆုပ်မနစ် ကြိုးစား နိုင်ခြင်းက အောင်မြင် ခြင်း ရဲ့ သော့ချက် တစ်ခုပဲ ဖြစ်ပါတယ်။

.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: