ထိုင်ဝမ်က ပန်ဒါလေး တစ်နှစ်ပြည့် မွေးနေ့


ထိုင်ဝမ် နိုင်ငံက တိရစ္ဆာန် ဥယျာဉ် တစ်ခုမှာ ပန်ဒါလေး တစ်ကောင်ရဲ့ တစ်နှစ်ပြည့် မွေးနေ့ကို ကျင်းပ ပေးခဲ့ ကြ ပါတယ်။ ပန်ဒါ ကို Yuan Zai လို့ အမည်ပေးထား ကြ ပါတယ်။


ယင်း ပန်ဒါ ကို မွေးထားတဲ့ ဥယျာဉ်ဟာ သူစတင် ရှိကတည်းက လာရောက် လည်ပတ်သူ ၁.၆ သန်း ကျော်ကို စွဲဆောင် နိုင်ခဲ့တာမို့ Yuan Zai ဟာ ဥယျာဉ် လေးရဲ့ လဘ်ကောင် အဖြစ် ယုံကြည်ထားကြခြင်း ဖြစ်ပါတယ်။ လာရောက် လည်ပတ် သူများ ကလည်း သူ့ကို ချစ်ခင် ကြ ပါတယ်။ သူ့ မွေးနေ့ အတွက် ဘတ်ဒေး ကိတ် ခွဲပေးပြီး သူကြိုက်တဲ့ ဝါး၊ သစ်ဥ၊ သစ်ဖု နဲ့ မုန်လာဥနီသီး တို့ကိုလည်း ကျွေးခဲ့ ပါတယ်။

ပြီးတော့ ၎င်းတို့ တရုတ် ရိုးရာ အတိုင်း ကဒ်ဂိမ်း ဆော့ပြီး သူ့အတွက် ဗေဒင် တွက်ခြင်း တို့ ကို ပြုလုပ်ခဲ့ကြ ပါသေး တယ်။
.
Ref: metro
အောင်ခမ်း (www.innewsmyanmar.com)

.



0 comments: