သေပြီး အမေမှ မွေးတဲ့ ကလေး ငါးရက်အကြာမှာ သေဆုံး


အစ္စရေးတို့ ပါလက်စတိုင်းကို ထိုးစစ်ဆင်နေတဲ့ ကာလ အတွင်း ပါလက်စတိုင်းမှ လူဦးရေ ၁၃၀၀ ကျော် သေဆုံးပြီး တစ်ဝက်က ကလေးတွေ ဖြစ်ပါတယ်။ အမျိုးသမီး ငယ်များလည်း ပါဝင်ပြီး အသက် ၂၃ နှစ်အရွယ် ကိုယ်ဝန်ဆောင် မိခင် ဝမ်းဗိုက် ကနေ ကလေးငယ် တစ်ဦးဟာ သေဆုံးပြီး အမေဗိုက်ကနေ ထူးထူး ခြားခြား မွေးဖွား လာပါတယ်။


တစ်ရက်မက ကြာပြီ ဖြစ်တဲ့ လူသေကောင် အမေဗိုက်ထဲက အံ့သြစွာပဲ အသက်ရှင် နေသေးတဲ့ ကလေးကို မွေးဖွားပေးခဲ့ ရ ပါတယ်။ မွေးဖွားပြီး ခါစ သာမန်လူလို အသက်ရှင်ပေမယ့် ဝမ်းနည်းစွာပဲ ၅ ရက်အတွင်း သေဆုံးသွားရ ပါတော့တယ်။ ဇူလိုင်လ ၈ ရက်နေ့က စတင်လို့ အစ္စရေးဟာ ပါလက်စတိုင်းကို ထိုးစစ် ဆင်လျက် ရှိပြီး ပါလက်စတိုင်းက ထောင်ဂဏန်း သေဆုံး နေပေမယ့် အစ္စရေး ဘက်ကတော့ စစ်သား ၅၃ ဦးပဲ သေဆုံး ပါသေးတယ်။

ယနေ့အထိ မပြီးဆုံး နိုင်သေးပဲ နှစ်နိုင်ငံကြား တိုက်ပွဲများ ပြင်းထန် နေ ဆဲ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: metro
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: