Samsung နှင့် LG တို့မှ ဈေးသက်သာ ထိတွေ့မျက်နှာပြင်ထုတ်လုပ်



လက်ရှိ ဈေးကြီးနေတဲ့ ကမ္ဘာ့ မိုဘိုင်းဖုန်း ဈေးကွက်ကို ပြောင်းလဲစေမယ့် နည်းပညာသစ် ပစ္စည်း ဖြစ်တဲ့ touch panel အသစ်များကို Samsung နဲ့ LG တို့က ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။


ယင်းနည်းပညာကို LG ကလည်း အရင်လက ပြသခဲ့ပြီး ဖြစ်ပြီး လက်ရှိ touch panel ထက် ဈေးနှုန်းအားဖြင့် ၃ ပုံပုံ ၁ ပုံတောင် သက်သာကြောင်း ဆိုပါတယ်။ Samsung ရဲ့  Touch panel ကလည်း ဈေးသက်သာ မှာ ဖြစ်ပါတယ်။ Touch Panel ဆိုတာ ဖန်သားပြင်အောက်မှာ ခံထားပေးတဲ့ လက်တို့ထိမှုကို အကြောင်းပြန်၊ အလုပ်လုပ်ပေးမယ် Layer တစ်ခု ဖြစ်ပါ တယ်။ ယင်း Layer သစ်ကို တောင်ကိုရီးယားရဲ့  ထိပ်တန်း ကုမ္မဏီ ၂ ခု ဖြစ်တဲ့ Sasmung နဲ့ LG ၂ ခုလုံးက တွေ့ရှိခဲ့ပြီး ကြိုးစားဖန်တီး လိုက်ခြင်း ဖြစ်ပါတယ်။

နည်းပညာ ဆိုတာထက် အသုံးပြုတဲ့ သတ္တုပြောင်းလဲသွားခြင်း ဖြစ်ပါတယ်။ ယခင်က အသုံးပြုတဲ့ Indium panel ကို metal mesh နဲ့ အစားထိုးခြင်း ဖြစ် ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း ၂၀ ရာခိုင်နှန်းကနေ ၃၀ ရာခိုင်နှုန်း လျော့ ချပေးပြီး အရည်အသွေးအားဖြင့်လည်း အရင်က Panel များထက် ပိုကောင်းတာကို တွေ့ရ ပါတယ်။ ထိတွေ့မှုကို အကြောင်းပြန်ဖို့အတွက် ကြားခံ ဒစ်ဂျစ်တယ် အလွှာ ခံပေးစရာလည်း မလိုတော့ ပါဘူး။ တုံ့ပြန်မှုအချိန်ကလည်း ယခင်ကထက် ပိုမို မြန်ဆန်တာကို တွေ့ရှိခဲ့ကြ ပါတယ်။ ကွေးကောက်မျက်နှာပြင် စမတ်ဖုန်းတွေထဲမှာ ထည့်သွင်း အသုံးပြုနေပြီး ဖြစ်ပါတယ်။

ဒါကြောင့် ယခုအခါ LG နဲ့ Samsung က ထုတ်သမျှ စမတ်ဖုန်းတိုင်းမှာ အသုံးပြုတော့မှာ ဖြစ်ပါတယ်။ အခြား မိုဘိုင်း ဖုန်း ကုမ္မဏီများကို လည်း ရောင်းချသွားမှာပါ။ ယင်း Metal Mesh Touch Panel အသစ်ကြောင့် ကမ္ဘာ့ မိုဘိုင်းဖုန်း ဈေးနှုန်း ကျဆင်းလာစေရန် မျော်လင့် လျက် ရှိနေကြကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း  ( www.innewsmyanmar.com )

.

0 comments: