သမိုင်းထဲက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်


သမိုင်းထဲက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် Manasa Musa I က သမိုင်မှတ်တမ်း တင်ထား ပါတယ်။ ၁၂၈၀ ခုနှစ်မှ ၁၃၃၁ ခုနှစ်ကြားကာလ မှာ ထင်ရှားခဲ့တဲ့ အာဖရိက
အနောက်ပိုင်း ဒေသရဲ့  ဘုရင်ခံ ဖြစ်ပါတယ်။

သူအုပ်ချုပ်တဲ့ နိုင်ငံတွေ ကတော့ ဂါနာ၊ Timbuktu နဲ့ Maliin တို့ ပါဝင်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာ အားဖြင့် တစ်ဝက်နီးပါး ရှိတဲ့ ရွှေနဲ့ ဆားတို့ကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတော့ သူ့ရဲ့  ကြွယ်ဝ ချမ်းသာမှုက သူ့ခေတ် ကာလ တန်ဖိုးမှာတင် အမေရိကန်ဒေါ်လာ ဘီလျံ ၄၀၀ ကျော် ရှိပြီး ယင်းငွေတွေ နဲ့ ကြီးကျယ်ခမ်းနားလှပတဲ့ ဗလီများကို တည်ဆောက်ခဲ့ ပါတယ်။ ဗလီကျောင်းအချို့ ကို ယနေ့တိုင် မြင်တွေ့ နိုင်ပါသေးတယ်။

သို့ပေမယ့် သူ့ရဲ့  ချမ်းသာ ကြွယ်ဝမှုက ဆွေမျိုး ၂ ဆက် အထိပါပဲ။ နောက် ပိုင်း ကျတော့ အာဖရိအတွင်းမှာ ဖြစ်တဲ့ စစ်ပွဲများ၊ အင်ပါယာချဲ့ ထွင်မှု တိုက်ပွဲများကြောင်း တိုင်းပြည်ပြိုကွဲ၊ စည်းစိမ်များ ဆုံးရှုံး ခဲ့ကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း ( www.innewsmyanmar.com )

.

0 comments: