ဟောလိဝုဒ်မင်းသား Paul Walker ကယ်လွန်



အသက် ၄၀ သာ ရှိသေးတဲ့ အမေရိကန် ဟောလိဝုဒ် မင်းသား Paul Walker ဟာ ကားအက်ဆီးဒန့်ကြောင့် ကွယ်လွန်ခဲ့ကြောင်း သိရ ပါတယ်။


The Fast and the Furious ရုပ်ရှင်မှာ ဗင်ဒီဇယ်နဲ့ အတူ တွဲဖက် သရုပ်ဆောင် တဲ့ အက်ရှင် မင်းသား တစ်ဦး ဖြစ်ပြီး အမေရိကန် ရုပ်ရှင်နဲ့ ရုပ်ရှင်သံကြားလောကမှာ အောင်မြင်နေသူ တစ်ဦး ဖြစ်ပါတယ်။  The Fast and the Furious ရုပ်ရှင် စတင်ရိုက်ကူးကတည်းက ပါဝင်လာသူ ဖြစ်ပြီး Takers တို့လို နာမည်ကြီး ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ယခု ကားအက်ဆီးဒန့်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒရိုင်ဘာက သူ့ရဲ့  ဘဏ္ဍာရေး အကြံပေး ဖြစ်ပါတယ်။ ၂ ဦးလုံး ဂျာမနီ Porsche Carrera GT အနီရောင်ပေါ်မှာ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်  Valencia, Santa Clarita မှာ ဖြစ်ပြီး သစ်ပင် တစ်ပင်ကို ဝင်တိုက်မိခဲ့တာပါ။ ကားတစ်စီးလုံး ရစရာမရှိအောင် မီးလောင် ပေါက်ကွဲပြီး တာယာတေငာ် အရည်ပျော် လောင်ကျွမ်းသွား ပါတယ်။

Fast and Furious 7 ရုပ်ရှင်တောင် ရိုက်ကူးနေဆဲ ရှိပါသေးတယ်။ ရုပ်ရှင်မှာ Paul Walker ပါလာဖို့ ရှိမရှိ ကတော့ သေချာ မသိရ သေးပါဘူး။ သို့ပေမယ့် သူ ပါဝင်လာအုံးမယ်လို့ ယုံကြည်ထားကြ ပါတယ်။ Paul Walker ကွယ်လွန်ခြင်း အတွက် ဗင်ဒီဇယ် အပါအဝင် ဟောလိဝုဒ် သရုပ်ဆောင် အနုပညာ အများစုက ဝမ်းနည်းကြောင်း social media ပေါ်မှာ တင်ခဲ့တယ်လို့ သိရ ပါတယ်။
.
Ref: motorauth

အောင်ခမ်း ( www.innewsmyanmar.com )

.

0 comments: