ဘိုလီဗီးယားက ထောင်တွင်းမြို့ တော်



တောင်အမေရိကတိုက်မှ ဘိုလီဗီးယား နိုင်ငံမှာ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ နေ ရတဲ့ နေရာက မြို့ ၊ အိမ်ရာ တစ်ခုလို ဖြစ်နေပေမယ့် အဲဒါက ထောင် ဖြစ် ပါတယ်။


ထေင်ဆိုပေမယ့် ယင်းထောင်ထဲမှာ ဘာ လုံခြုံရေး၊ အစောင့်များမှ ထားရှိ မထား ပါဘူး။ မိသားစုလိုက်လည်း နေထိုင်လို့ရပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ်နဲ့ နေထိုင်တဲ့ ထောင် ဖြစ်ပါတယ်။ ခေါင်းဆောင်ကို ကိုယ်တိုင် ရွေး ချယ်ပြီး ထောင်တွင်းမှာ အေးအေးချမ်းချမ်းရှိအောင် အချင်းချင်း ထိန်းကျောင်းနေထိုင်ကြပါတယ်။ မိသားစုလိုက်လည်း နေထိုင် လို့ရပြီး ကလေးငယ်တွေကိုလည်း ကျောင်း ထား ပေးလို့ ရပါတယ်။

ထောင်တွင်းမှာကိုပဲ အိမ်တွင်းမှု အသေးစား လုပ်ငန်းများ လုပ်ကိုင်ကြ ပါတယ်။ ယင်းထောင်ဟာ ဘိုလီဗီးယားနိုင်ငံက ပွဲတော်အချိန်အခါတွေ လိုပဲ လိုက်ပြီးတော့ ပွဲများလည်း ကျင်းပကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း ( www.innewsmyanmar.com )

.

0 comments: