မြန်မာပြည်တွင် တစ်စီးတည်းသာ ရှိသေးသော Mercedes Benz S Class








ရန်ကုန်မြို့ ၊ ပြည်လမ်းပေါ်က မာစီဒီး ကားအရောင်းပြခန်းမှာ ပြသထားတဲ့ တစ်စီးတည်းသော ကား ဖြစ်ပါတယ်။ မြန်မာကျပ်ငွေ သိန်း ၅ ထောင်အထပ် ပေါက်ဈေးရှိတဲ့ကား ဖြစ်ပါတယ်။ သို့ပေမယ့် အော်ဒါ မှာယူထားသူများ ရှိနေပြီ ဖြစ်ကြောင်း သိရ ပါတယ်။


Mercedes Benz S Class ရဲ့  နောက်ဆုံးထွက် ၂၀၁၄ မော် ဒယ် ဖြစ်ပြီး မြန်မာပြည်ကိုလည်း ကမ္ဘာနဲ့ တစ်ပြေးညီ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။အင်ဂျင်ကလည်း အရွယ်ကြီးပါတယ်။ ၄.၆ လီတာ ဖြစ်ပြီး ဆလင်ဒါ ၈ လုံးပူး V အင်ဂျင်ကို အသုံးပြု ထားပါတယ်။ Keyless start, Rear view camera, LED headlight, taillights, interior lights, sunroof အစရှိသဖြင့် Feature အစုံအလင်နဲ့ အဆင့်မြင့် ဇိမ်ခံကား ဖြစ်ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၅၇၇ အား ရှိပါတယ်။

S Class က Mercedes Benz ထဲမှာ အခြား Class များထက် ဈေးလည်း ကြီးသလို၊ ပိုပြီး တော့ Luxury ကျတဲ့ ကားတစ်စီးလည်း ဖြစ်ပါတယ်။ မာစီဒီးကားများကို အသစ်များ ဝယ်စီးနိုင်ပါပြီ။ သို့ပေမယ့် အဟောင်း ဈေးကွက်လည်း လူကြိုက်များ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ www.colay.com.mm လို ဝဘ်ဆိုဒ်က လေလံ page တွေမှာလည်း အရှာများသလို၊ www.motors.com.mm လိုဝဘ်ဆိုဒ်မှာလည်း မာစီဒီး ကား အသစ်နဲ့ အဟောင်း များကို ရှာဖွေတွေ့ရှိ နိုင်ကြောင်း သိရပါတယ။်

.

0 comments: