အတွေးလွန်က ဝစေ



ဗြိတိန်နိုင်ငံ သုတေသနတို့ လေ့လာတွေ့ရှိတဲ့ ရလဒ် တစ်ခု ဖြစ်ပါတယ်။ ယင်းရလဒ် အရ အတွေးလွန်သူ များက ပိုမို အဝလွယ်စေကြောင်း သိရ ပါတယ်။


ယင်း စမ်းသပ်မှုအတွက် စာကျက်သူများနဲ့ ကွန်ပြူတာ အသုံးချ စာမေး ပွဲဖြေသူများကို စမ်းသပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းအတွက် ဦးနှောက်ကို ခပ်များများ အသုံးချရပြီး ယင်းသို့ အသုံးချချိန် သွေးပေါင်ချိန် တက်ခြင်း၊ ကယ်လိုရီတက်ခြင်းတို့ အလိုအလျောက် ဖြစ်ပေါ်ကြောင်း ကို တွေ့ရှိ ရပါတယ်။ ယင်းသို့ ဖြစ်နေချိန် အစားအသောက် စားလိုက်တဲ့ အခါ အစားအသောက်က ပိုမို အားပြုပြီး အဝလွန်တဲ့ အခြေအနေ တစ်ခုတောင် ဖန်တီးစေကြောင်း သိရပါတယ်။

ဒါကြောင့်မို့ တွေးခေါ်နေစဉ်မှာ ကယ်လိုရီဓာတ်တိုးပြီး ဝဖို့အတွက် ပိုမို အခွင့်အလမ်း များစေကြောင်း ဆိုပါတယ်။ ယင်း စမ်းသပ်မှု ရလဒ်အရ ခပ်များများ အတွေးလွန်ပါက ဝစေကြောင်း သိရ ပါတယ်။
.
Ref: telegraph
အောင်ခမ်း ( www.innewsmyanmar.com )
.

0 comments: