အပြာဆိုဒ်ကို ခရေဇီဖြစ်သွားလို့ Apple ကို အမေရိကန်နိုင်ငံသား တရားစွဲ



၂၀၁၃ ခုနှစ် ဇူလိုင်လက ဖြစ်ပေါ်ခဲ့တဲ့ မှုခင်းတစ်ခု ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဖြစ်ပါတယ်။ အပြာဆိုဒ် ( ၁၈ နှစ်အောက် မကြည့်မရ ညစ်ညမ်းဝဘ်ဆိုဒ်) တွေပေး ခရေဇီဖြစ်ပြီး ကြိုက်နှစ်
သက်သွားမှုကြောင့် Apple ကို လူငယ်ရှေ့ နေတစ်ဦးက တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။ သူက Apple ထုတ် iPad, Macbook တို့ကို အသုံးပြုသူ ဖြစ်ပါတယ်။ Apple ရဲ့  ယင်း စက်ပစ္စည်းတွေကနေ အင်တာနက်ဝဘ်ဆိုဒ် အသုံးပြုပြီး Porn site တွေကို ဝင်ပါတယ်။ ဝင်ရင်းကနေ စွဲလမ်းသွားပြီး နောက်ဆုံး မိန်းမဖြစ်သူနဲ့ ကွဲတဲ့အထိ အိမ်ထောင်ရေးလည်း ပျက်သွားရှာပါတယ်။ ဒါနဲ့ပဲ မကျေနပ်တဲ့ ယင်း ရှေ့ နေ လူငယ်က Apple ကိုအမှုဖွင့်အရေးယူခဲ့ပါတယ်။ စွဲချက်ကတော့ အများကြီးပါ။ စွဲချက်ရဲ့  အဓိက အကြောင်းကတော့ Adult content တွေကို ဝင်ရှာဖွေမှုအပေါ် Apple က ပိတ်ပင် သင့်ကြောင်း၊ မပိတ်ရင်တောင် သတိပေး တဲ့ နည်းစနစ်တွေနဲ့ အသုံးပြုသင့်ကြောင်းတို့ ကို ထောက်ပြခြင်း ဖြစ် ပါတယ်။ Parental Control လည်းမဟုတ်တဲ့ Adult Control ဆိုတာအတွက်ကို Policy ချဖို့ ဘယ် Device မှ လုပ်မထားပါဘူး။ ဒါကို သိရက်နဲ့ ယင်း လူငယ်က ပေါက်ပေါက်ရှာရှာတရားစွဲခြင်း ဖြစ်ပါတယ်။

Porn Site တွေကို ခရေဇီ ဖြစ်လို့ Apple ကိုတရားစွဲတယ်ဆိုတာ ရယ်စရာ ဖြစ်ရပ်တစ်ခုပမာ သမိုင်းမှာ တွင်ကျန် စေခဲ့ ပါတယ်။
.
အောင်ခမ်း ( www.innewsmyanmar.com )

.

0 comments: