Need for Speed ရုပ်ရှင်အမြည်းထွက်ပြီ



အားလုံး စောင့်ဆိုင်းနေတဲ့ Need for Speed ရုပ်ရှင် အမြည်း ထွက်လာပါပြီ။ လာမယ့် ၂၀၁၄ ခုနှစ် မတ်လမှာ ရုံတင်မယ့် ရုပ်ရှင် ဖြစ်ပါတယ်။


အမေရိကန်မှ ရုပ်ရှင်သရုပ်ဆောင် Aaron Paul က အဓိက ဇာတ်ကောင်နေ ရာကနေ ပါဝင်ထားပါတယ်။ Underground ကားလောကရဲ့  ဂယက်ကြောင့် ထောင်ထဲ ရောက်သွားပြီး အမှန်တရား ထုတ်ဖော်ဖို့ အတွက် နောက်ထပ် ပြိုင်ပွဲသစ်တွေကို ထပ်မံ ပြုလုပ်ပါတယ်။ ရုပ်ရှင် trailer ကို ကြည့်လိုက်တော့ လက်ရှိ Fast and Furious များထက် ပိုကောင်းတဲ့ ကားမောင်းအက်ရှင်များကို တွေ့လိုက်ရပါတယ်။ ပိုပြောတာ မဟုတ်ပါဘူး။ Link ပေးထားတာမို့ စာဖတ်သူတို့ ကိုယ်တိုင် ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဖြစ်ပါတယ်ဆိုတဲ့ ကားတွေချည်းကိုမှ အသုံးပြုပြီး တစ်စီးပြီး တစ်စီး ဖောက်ခွဲပြတာ ကတော့ အင်မတန် နှမြောစရာကောင်း တဲ့အခြေအနေ ပါ။ ဒီအတွက်လည်း ကား ကုမ္မဏီတွေဆီကနေ စပွန်ဆာရထားတာမို့ ဖြည့်တွေးလို့ ရပါသေးတယ်။ Koenisegg ပြိုင် ကား မှောက်တဲ့အခန်း တွေ၊ Mustang ပြိုင်ကား နဲ့ helicopter အချိတ် အဆက်နဲ့ မောင်းတဲ့ ဇာတ်ဝင်ခန်းတွေ အစရှိသဖြင့် ဇာတ်ဝင်ခန်းကောင်း များ ပါရှိ ပါတယ်။

၂၀၁၄ ခုနှစ် မတ်လမှာ ရုံတင်ဖို့အတွက် ရယ်ဒီလုပ်ထားတဲ့ Need For Speed ရုပ်ရှင် အမြည်းကို အောက်ပါအ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင် ပါတယ်။

http://youtu.be/e73J71RZRn8

အောင်ခမ်း ( www.innewsmyanmar.com )

.

0 comments: