နော်ဝေမှ ကျွန်းမြို့  Lofoten



နော်ဝေနိုင်ငံမြောက်ပိုင်း ပြည်နယ် Nordland တွင်းရှိ Lofoten အမည်ရ ကျွန်စုမြို့ ငယ်လေး ဖြစ်ပါတယ်။

ဘယ်လောက်လှတဲ့မြို့  ဖြစ်တယ်ဆိုတာ ပုံကြည့်ရုံနဲ့တင် သိရှိနိုင်ပါတယ်။ ဒါတောင် အပေါ်ယံမှာပဲ ရှိပါတယ်။ ရေအောက်မှာ ကမ္ဘာ့အရှားပါးဆုံးသော သန္တကျောက်တန်းစုကြီးတွေ၊ ငါးပူတင်းမျိုးစိတ်တွေ၊ အခြားသော ရေနေ သတ္တဝါကြီးငယ် စုံလင်စွာနဲ့ ရင်သပ်ရှုမောဖွယ်ကို လှပလို့နေပါတယ်။


လူဦးရေသိပ်မရှိပါဘူး။ အဓိက စီးပွားရေးလုပ်ငန်းက တံငှာ ဖြစ်ခဲ့ပေမယ့် ယခုအခါမှာတော့ ကမ္ဘာ့လှည့်ခရီးသွားလာရေး အတွက် စီးပွားတွင်တဲ့ မြို့ ဖြစ်နေပြီ ဖြစ်ပါတယ်။ ရေငုပ်၊ တောင်တက် စက်ဘီးမောင်း၊ ပင်လယ်ခရီး၊ ကမ်းခြေအပန်းဖြေ အစရှိသဖြင့် လည်ပတ်စရာ နေရာစုံစုံလင်လင်နဲ့ အလည်ရောက်သူများအတွက် ဝန်ဆောင်မှု အပြည့်အဝပေးထားပါတယ်။

Lofoten ရဲ့  ထူးခြားချက်က ရာသီဥတု အပြောင်းအလဲ မြန်ခြင်း ဖြစ်ပါတယ်။ လက်တီကျု အမြင့်ပိုင်းမှာရှိတဲ့အတွက် အရမ်းမြင့်၊ အရမ်းနိမ့်တဲ့ ရာသီဥတုဒဏ် တစ်ခု ရှိပါတယ်။ သို့ပေမယ့် ၁၂ ရာသီမှာ အေးတဲ့ကာလက အများစုပဲ ဖြစ်ပါတယ်။

ဥရောပတိုက်တွင်း နော်ဝေနိုင်ငံသို့ အလည်ရောက်သူများအတွက် Lofoten ဟာ လည်ပတ်ချင်စရာ အကောင်းဆုံးနေရာ အဖြစ် တည်ရှိနေကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

0 comments: