တရုတ်နှစ်သစ်ကူး ယဉ်ကျေးမှု သမိုင်းကြောင်း


တရုတ်နှစ်သစ်ကူး ဖြစ်ပေါ်လာတဲ့ ပထမပုံပြင်က ဒီလိုဖြစ်ပါတယ်။

ပင်လယ်ကမ်းဆပ်မြို့ တစ်ခုမှာ ရေနဂါးတစ်ကောင် သောင်းကျန်းပါတယ်။ Nian လို့အမည်ရပါတယ်။  တရုတ်နှစ်ကူး အချိန် ရောက်တောင် ကုန်းပေါ်တက်လာလို့ လူတွေကို လိုက်လံဖမ်းယူ စားသောက်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေကို ပိုမိုနှစ်သက်တဲ့ နဂါးဖြစ်ပါတယ်။


ဒီတော့ ကလေးတွေ၊ လူတွေကို ဒုက္ခမပေးအောင်ဆိုပြီး နှစ်စဉ်သူ တက်လာမယ့် ရက်ကိုရောက်တိုင်း တိရစ္ဆာန်တွေကို အစားထိုးထားပါတယ်။ ဒီလိုနဲ့ အစားထိုးလာတာ မတင်းတိမ်နိုင်တဲ့ နဂါးက နောက်ဆုံးတော့ ကလေးတွေကို ပြန်ဦးတည်တာပါပဲ။

ဒီလိုနဲ့ အနီရောင်ဝတ်ဆုံ ဝတ်ဆင်ထားတဲ့ ကလေးငယ်ကို မြင်တဲ့အခါ နဂါးက အင်မတန် ကြောက်ရွံ့ တာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် အနီရောင်ဟာ နဂါး မကောင်းဆိုးရွားကို နိုင်တယ်လို့ သိရှိသွားပြီး အနီရောင်ကို တရုတ်လူမျိုးတို့ နှစ်သက်စွဲလမ်းစွာ အသုံးပြုပါတော့ တယ်။ ဗျောက်အိုးများဖောက်ခြင်း၊ မီးရှုးမီးပန်းလွတ်ခြင်း ကလည်း မကောင်းဆိုးဝါးများအား မောင်းထုတ်တယ်ဆိုတဲ့ အယူ၊ ယဉ်ကျေးမှု နဲ့ ဖြစ်ပြီး အနီရောင်ကတော့ နေရာတိုင်းမှာ အသုံးပြုပါတယ်။ ဒီလိုနဲ့ပဲ တရုတ်နှစ်သစ်ကူးဆိုတာ ဖြစ်လာတယ်လို့ဆိုပါတယ်။

နောက်တော့ ယင်းနဂါးကို Hongjun Laozu အမည်ရ တရုတ်ဘုန်းတော်ကြီးက အနိုင်ရရှိသွားပါတယ်။ ဒီတော့ နှစ်ကူးတိုင်းမှာ တရုတ်နဂါးအက ဖြင့် တစ်အိမ်ဝင်တစ်အိမ်ထွက် ကပြဖျော်ဖြေပြီး ဗျောက်အိုးတွေလည်း ဖောက်ကြပါတယ်။ ယင်းသို့ ကပြတဲ့ နဂါးကို အန်ပေါင်းပေးခြင်း က မကောင်းဆိုးဝါးတွေမှ ယင်းအိမ်အား ဒုက္ခပေး မည့်ရန်ကို မောင်းထုတ်ခြင်းလို့ ဥပမာဆောင်တယ်လို့ ဆိုပါတယ်။

နောက်ထပ် ပုံပြင်တစ်ခုကတော့ ဒီလို ဖြစ်ပါတယ်။

တရုတ်တို့ ယုံကြည်မှုအရ မြတ်စွာဘုရားဟာ တရုတ်နှစ်ကူးတဲ့အချိန်ခါမှာ တိရစ္ဆာန်များကို ခေါ်ယူတွေ့ဆုံပါတယ်။ ယင်းသို့ခေါ်ယူ တွေ့ဆုံရာ တိရစ္ဆာန် ၁၂ ကောင်တိတိလာပါတယ်။ ဒါကြောင့် ယင်း ၁၂ ကောင်ကို ကယ်စားပြုလို့ မျောက်နှစ်၊ ဝက်နှစ်၊ နဂါးနှစ် အစရှိသဖြင့် အမျိုးမျိုး ကွဲသွားတယ်လို့လည်း ရှိပါသေးတယ်။ ပြီးတော့ ဗျောက်အိုးဖောက်ခြင်း ကတော့ မကောင်းဆိုးဝါးတွေကို နှိမ်နှင်းတယ်ဆိုတဲ့ အယူဖြစ်ပြီး နှစ်ကူးတိုင်း၊ ပွဲလမ်းသဘင် အခါတိုင်း၊ ဗျောက်အိုးဖောက်ခြင်း ကို ပြုလုပ်ပါတယ်။ အနီရောင်အိတ်ထဲမှာ လက်ဆောင်ထည့်ပေးခြင်း ကလည်း ကံကောင်းစေတဲ့ လက္ခဏာ တစ်ခုလို့ ဆိုကြပြီး မြန်မာခေါ် အန်ပေါင်းကလည်း ခေတ်စားပြန်ပါတယ်။

အထက်ပါ ပုံပြင် နှစ်ပုဒ်အပြင် တရုတ်နှစ်သစ်ကူးဖြစ်ပေါ်လာပုံ၊ တိရစ္ဆာန်နှစ်သတ်မှတ်ပုံက အခြား ပုံပြင်၊ ရာဇဝင်များလည်း ရှိနေပါသေးတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတော့ တရုတ်တို့ရဲ့  ၄၇၁၁ နှစ်ပြည်တဲ့နှစ်ဖြစ်ပါတယ်။

Ref: wiki
Inrternational news for mynmar

0 comments: