မြန်မာပြည်မှာ နိုင်ငံတကာ အဆင့်မှီ ကားမောင်းပြိုင်ပွဲများ ဖြစ်လာဖို့ဆိုတာ



မြန်မာကို မစဉ်းစားခင် နိုင်ငံတကာမှာ ဘယ်လိုလုပ်နေလဲ ဆိုတာကို အရင် သုံးသပ်ကြတာပေါ့။

နိုင်ငံတကာမှာလည်း ကားမောင်းပြိုင်ပွဲတွေ သိပ်အများကြီး မရှိပါဘူး။ တကယ့် နာမည်ကြီး ခေါင်းစဉ် သုံလေးငါးခုကိုပဲ ပတ်လည်ရိုက်ပြီး ကျင်းပနေတာပါ။ ဒီတော့ အများကြီးရှိသလို ဖြစ်သွားပါတယ်။ ရာသီတိုင်းမှာ ကို ကားမောင်းပြိုင်ပွဲတွေ ရှိလာပါတော့တယ်။

ရည်ရွယ်ချက်

အရင်တုန်းက (၁၈ ရာစု နောင်းပိုင်း) လောက်ကတော့ ကမ္ဘာမှာ ကားမောင်းပြိုင်ပွဲဆိုတာ ဖျော်ဖြေရေး သက်သက်ပိုဆန်ပါတယ်။ သို့ပေမ့ယ် ၁၉ ရာစု နောင်းပိုင်းကျတော့ ဖျော်ဖြေရေးတင်မက စီးပွားရေးပါဆန် လာပါတယ်။ ဘယ်လိုစီးပွားရေးဆန်သလဲဆို ဖျော်ဖြေရေးလို့ ခေါင်းစဉ် တပ်ပြီး စီးပွားရေး ကုမ္မဏီကြီးများက ဝါဒဖြန့် (ကြော်ငြာ)လို့ အကောင်းဆုံး နေရာမို့လို့ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ မော်တော် ယာဉ်နဲ့ ဆက်စပ် Industry ကြီးတစ်ခုလုံးက ပါဝင်ပြီး စီးပွားရေး ဝင်ကြော်ငြာတဲ့ နေရာ သက်သက် ဖြစ်ပါတယ်။

လောင်းကစားကတော့ မြင်းစီးပွဲတွေမှာ အတွေ့များပေမယ့် ကားမောင်းပြိုင်ပွဲ တွေမှာတော့ အတွေ့နည်းပါတယ်။ လုပ်ပေမယ့် ဘောလုံးပွဲ တွေကလို ကြေးစားမှောင်ခိုဆန်ဆန်တော့ ရှိပါတယ်။ ဒါကိုတော့ စီးပွားရေးရော၊ ဖျော်ဖြေရေးထဲမှာပါ ထည့်မတွက် ပါဘူး။ ဒီတော့ ယနေ့ ကမ္ဘာပေါ်က ကားမောင်းပြိုင်ပွဲများရဲ့  ရည်ရွယ်ချက်က အရိုးရှင်းဆုံးပြောရရင် ဖျော်ဖြေရေးကို အခြေခံလို့ စီးပွားရေး လုပ်ခြင်း ဖြစ်ပါတယ်။

ဘယ်လိုအောင်မြင်လာသလဲ

ယင်းထဲကနေလည်း ကမ္ဘာအတော်ဆုံး ကားဒရိုင်ဘာတွေပေါ်ပြီး သူတို့ကို ရွေးချယ်လို့ ချောဆီထုတ်တဲ့ ကုမ္မဏီ၊ ကားထုတ်တဲ့ ကုမ္မဏီ၊ ဆက်စပ်ပစ္စည်းထုတ်တဲ့ ကုမ္မဏီများက စပွန်ဆာပေးပါတယ်။ အစစအရာရာ ထောက်ပံ့ပြီး သူမွေးတဲ့ အိမ်ကြက်လိုသဘောထားလို့ ပွဲတွေထဲ သွင်းပါတော့တယ်။ ဒီတော့ နောက်ပိုင်း ကျတော့ ကားမောင်းပြိုင်ပွဲ ဆိုတာ စီးပွားရေးသမားများက လူမွေးပြီး သူတို့လူကို ပွဲ ပြန်သွင်းတဲ့ သဘောကို သက်ရောက်လာပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံက လူတွေမှာ အပူအပင်နည်းပါတယ်။ နေရ၊စားရ၊ လုပ်ရ ချောင်ချောင်ချိချိ ရှိတော့ ဖျော်ဖြေရေးဆိုရင် ဘာလာလာဒေါင်း သဘောပါပဲ။ ကားပြိုင်ပွဲဆိုလည်း သွားကြည့်လိုက်တာပဲ။ မကြည့်ရင်တောင် တီဗီမှာလွ့င်တာ အိမ်မှာထိုင်နေရင်း ကြည့်ပါတယ်။ ယနေ့ မြန်မာပြည်မှာ အိပ်မက်ဆုံရာကို အားပေးသလိုပဲ ငါ့ဒရိုင်ဘာ ဘယ်သူလေးရဲ့  ဘာကား နံပတ်လေးကတော့ ဘယ်အဆင့်ရောက်လာပြီလဲ ဆိုတာကို စိတ်ဝင်တစား နဲ့ စောင့်ကြည့်ကြပါတယ်။

မြန်မာပြည်မှာဆိုရင်

နိုင်ငံခြားအကြောင်းတွေ ပြောနေတော့ ရှည်နေမှာစိုးလို့ မြန်မာပြည်အနေ အထား ကိုပဲ ခန့်မှန်းစဉ်းစားပါတော့တယ်။ Third Party Review သဘောပါ။ အပြင်လူ တစ်ယောက်အနေနဲ့ မြန်မာပြည်မှာ ကမ္ဘာ့အဆင့်မှီ ကားမောင်းပြိုင်ပွဲတွေ ဘယ်လိုဖြစ်လာရင်ကောင်းမလဲဆိုတာကို အားပေးသူ ပရိတ်သတ်တစ်ယောက် အနေနဲ့ စဉ်းစားခန့်မှန်းကြည့်မှာပါ။

လက်ရှိ မြန်မာပြည်မှာလည်းနေပါတယ်။ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ သို့ပေမယ့် အများစုပွဲက မြန်မာပြညကို ဖြတ်စရာလမ်းတစ်ခုအနေနဲ့ သဘောထားပြီး မောင်းသွားတဲ့ ပွဲတွေပါပဲ။ ခရီးဝေး ကားမောင်းပြိုင်ပွဲတွေ ဖြစ်ပြီး နိုင်ငံခြားကလို ကိုယ်ပိုင်ပတ်လမ်းမှာ ကိုယ်တိုင် ကျင်းပတာမျိုးတော့ စာရေးသူလည်း မသိသေးတာ နေပါ လိမ့်မယ်။ အာဆီယံ နိုင်ငံပတ်ကားမောင်းပြိုင်ပွဲတွေလည်း ကျင်းပပြီး ဒါတွေရဲ့ ရည်ရွယ်ချက် က ချစ်ကြည်ရေး ဖြစ်ပါတယ်။ နိုင်ငံတကာမှာက စစ်ပြီးကာလဆန်းအစတုန်း သွေးဆူမငြိမ်သေးလို့ ချစ်ကြည်ရေး ရည်ရွယ်ချက်နဲ့ ကားမောင်းပြိုင်ကြပေမယ့် လက်ရှိမှာက စီးပွားရေးဆန်ဆန် ပါပဲ။

ကဲ၊. ဒါကို မြန်မာပြည်မှာလုပ်ပါပြီ။ ဘာတွေလိုအပ်လာမလဲ။

နေရာ

အရင်းအနှီးသာ ရှိရင် ကားမောင်းပြိုင်စရာ နေရာ တစ်ခုဖြစ်လာ ဖို့ နေ့ချင်း ညချင်း တည်ဆောက်လို့ရတာ စာရေးသူ မပြောလည်း အားလုံးသိမယ် ထင်ပါတယ်။ မြန်မာပြည်ရဲ့  အဓိကမြို့ ကြီး လေးငါးခု လောက် မှာ နိုင်ငံတကာအဆင့်မှီကားမောင်းပြိုင်ကွင်းတွေ ဆောက်ပစ်မယ်လို့တောင် စိတ်ကူးယဉ်မိပါသေးတယ်။

လုပ်သင့်မလုပ်သင့်

ဒါကိုအရင်စဉ်းစားရမှာပါပဲ။ နိုင်ငံတကာမှာ ဒါတွေလုပ်နေပြီ။ တို့နိုင်ငံမှာကျတော့ ဒါမလုပ်တာလဲဆိုပြီး လိုက်အပြစ်ပြော ပူဆာနေရင် တကယ် ကလေးတစ်ယောက်လိုပါပဲ။ စာရေးသူတို့ စဉ်းစားရမယ့် အချက်က ဆိုးကျိုး၊ကောင်းကျိုး၊ အကျိုး၊ အကြောင်း အချက်များ ဖြစ်ပါတယ်။ ဒါရင်းလို့ တိုင်းပြည်အတွက် အကျိုးရှိတာမှန်ပေမယ့် ဒီထက်ပို အရေးကြီးတဲ့ နေရာတွေမှာ ရင်းနှီးနေရလို့ ဖွံ့ဖြိးဆဲလို့ အမည် တပ်ရ ခြင်း ဖြစ်ပါတယ်။

ယခု ကားပြိုင်ပွဲလုပ်ဖို့အတွက် ဘယ်လောက်ရင်းရမယ်လို့ ယူဆပါသလဲ။ ကမ္ဘာ့အဆင့်မှီ ကွင်းတစ်ခု ဆောက်ဖို့အတွက်တင် အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး ရင်းနှီးရမှာ ဖြစ်ပါတယ်။ ဒီအဆင့်ကို ကျော်နိုင်ပြီဆိုပါတော့။ ပွဲတစ်ခုဖြစ်လာဖို့ အရင်းအနှီးက ထပ်လိုပါသေးတယ်။

ကားပြိုင်ပွဲအတွက် အားကစားသမားများ ဖိတ်ခေါ်ခြင်း၊ လေ့ကျင့်ပေးခြင်း၊ စုစည်းခြင်း၊ ပြိုင်ကားများ ဝယ်ယူခြင်း၊ မဝယ်ယူရင်တောင် ဒါတွေ အလကား လာစပွန်ဆာပေးမယ့် အဖွဲ့အစည်းတွေ ရှာရမယ် အစရှိသဖြင့် အခက်တွေကတော့ အများကြီးရှိပါတယ်။

တိုယိုတာတို့၊ Ford, GM , Chevrolet, Suzuki အစရှိသဖြင့် ကမ္ဘာကျော် ကားBrand တွေက စပွန်ဆာပေးတယ်ဆိုတာ သူတို့ကားတွေ ကို ဖြန့်ချိရောင်းနေရတဲ့ နိုင်ငံမို့၊ ကမ္ဘာက စောင့်ကြည့်နေကြ တာမို့ ဖြစ်ပါ တယ်။

လက်ရှိ မြန်မာပြည်မှာ ကမ္ဘာ့ကားကုမ္မဏီများအတွက် နေရာတစ်ခု ဖြစ်လာဖို့ မကြာတော့ဘူးလို့ ဆိုပါတယ်။ လက်ရှိအချိန်အထိကတော့ တစ်ပတ်ရစ်ကားတွေကို လေလံဈေးကနေဝယ်နေရတုန်းဆိုတော့ ဒီအချက်က အလိုအလျောက်ပယ်သွားပါတယ်။ ဒီတော့ ကမ္ဘာကျော် ကားမောင်းပြိုင်ပွဲ တစ်ခုသာ ဖြစ်လာရင်တော့ ကမ္ဘာ့ စီးပွားရေး လုပ်ငန်းရှင် တွေ လာ Focus လုပ်ကြမှာပါပဲ။ ဒီတော့ စပွန်ဆာပုံသေ ရှိမယ်။ စီစဉ်သူတွေကလည်း ရင်းနှီးမြှုပ်နှံနိုင်ပြီ။ မီဒီယာပေါင်းစပ်အားဖြည့်မှု ကလည်း  ကောင်းမယ်ဆိုရင် မြန်မာပြည်မှာ ကားမောင်းပြိုင်ပွဲ တစ်ခုဆို တာ ဖြစ်လာနိုင်ပါတယ်။

ဘာကောင်းကျိုးတွေ ရမလဲဆိုတော့ လက်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ရနေတာတွေ ရတယ်လို့ပဲ ပြောချင်ပါတော့မယ်။ ဘာလို့လဲဆို ပြော လို့မကုန်နိုင်လို့ပါ။ မြန်မာပြည်ရဲ့  Motor Industry တစ်ခုလုံး အပေါ် အများကြီး ပြောင်းလဲ သွားစေမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဒါက Risk ကြီးတဲ့ မြှုပ်နှံမှု တစ်ခု ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်မှာ ကမ္ဘာ့အိုလံပစ်အတွက် အားကစားကဏ္ဍ စုံစုံလင် ပါဝင်နိုင်ဖို့တောင် ကြိုးစားနေဆဲ ကာလဖြစ်ပြီး ကားမောင်းပြိုင်ပွဲဘက် လှည့်ပြီး ရင်းနှီးမြှုပ်နှံပေးဖို့ကျတော့ အချိန်မကျသေးဘူးလို့လားပဲ ခန့်မှန်းမိပါတယ်။ ပြီးတော့ မြန်မာပြည်မှာ ကမ္ဘာ့ကားကုမ္မဏီတွေ မရှိသေးပါဘူး။ ကွင်းတွေ၊ လမ်းတွေလည်း မရှိသေးပါဘူး။

ဒါတွေအားလုံးက မကြာမီဖြစ်လာတော့မှာပါ။ ဖြစ်လာပြီဆိုရင် နိုင်ငံအတွက် ကတယ် ထူးခြားတဲ့ ပြောင်းလဲမှုကြီးများ ဖြစ်လာမယ်လို့သာ ခန့်မှန်းထားမိ ပါတယ်။

www.motors.com.mm
www.facebook.com/motors.com.mm

--

0 comments: