ခုန်မှာထိုင်ရင်း ဖုန်းအားသွင်းမယ်



iRock Rocking Chair လို့ အမည်ပေးထားတဲ့ လှုပ်ကုလားထိုင် ဖြစ်ပြီး ဖုန်းအားလည်း သွင်းလို့ရမှာ ဖြစ်ပါတယ်။

စက်ပစ္စည်းထူးထူးခြားခြားတွေ မပါပါဘူး။ လှုပ်တဲ့ Movement ကြောင့် ဂီယာမှ ရစ်ပတ် အလုပ်လုပ်ပြီး Wind up ဂျနရေတာ သေးသေးလေးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှာ ဖြစ်ပါတယ်။ သူ့ရဲ့  အားသွင်းနိုင်နှုန်း ကတော့ သိပ်မများပါဘူး။ တစ်နာရီလုံး ထုတ်လှုပ်နိုင်မှုက ဖုန်းရဲ့  အား ၃၅ ရာခိုင်နှုန်း ပြည့်ယုံပဲ ဖြစ်ပါတယ်။

ဈေးလည်း ကြီးပါတယ်။ ယင်း ကုလားထိုင် တစ်လုံးရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၃၀၀ ရှိတဲ့အတွက် မြန်မာငွေနဲ့ဆိုရင် ၁၃ သိန်း ဝန်းကျင် ပါပဲ။ ဖုန်းမျိုးစုံကို အားသွင်းလို့ရပြီး Tablet တိုကိုပါ သွင်းနိုင်မယ့် ကုလားထိုင် ဖြစ်ပါတယ်။ Rocking Chair ရဲ့   အသေးစိတ် အချက်အလက် ကို အောက်ပါ လခ့်မှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။
--
http://is.gd/KEQHT3

International news for myanmar

-

0 comments: