ထောပတ်သီးက တိရစ္ဆာန်တွေအတွက် အဆိပ်ဖြစ်


အထူးသဖြင့် ထောပတ်သီးက ငှက်၊ ကြောင်၊ ခွေး၊ ယုန် တို့အပြင် အခြားသော အိမ်မွေး တိရစ္ဆာန်တော်တော်များများကို အဆိပ်ဖြစ်စေပါတယ်။

ကျွဲ၊နွား၊မြင်း၊ ဆိတ်၊ ယုန်၊ ကြက်၊ငှက်၊ ကြောင်၊ ခွေး တို့အပြင် ငါးတို့လို တိရစ္ဆာန်တွေကိုတောင် ထောပတ်က အဆိပ်ဖြစ်စေပါတယ်။ စားသုံးမိတဲ့ ပမာဏ အနည်းအများအလျောက် သေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ တိရစ္ဆာန် တော်တော်မျးများမှာ ထောပတ်သီး နဲ့ ဆက်စပ်အစား အစာ ကျွေးမွေး မိခြင်းကြောင့် ဝမ်းလျှောခြင်း၊ အသဲပတ်လည် တစ်ရှူးတွေ ရေမြှုပ်ထွက်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိတ်ခြင်း၊ ခန္ဓာကိုယ် လှဲကျလောက်သည်ထိ အားပျက်သွားခြင်း အစရှိသဖြင့် ရောဂါ လက္ခဏာအမျိုးမျိုး ပြသပြီး အချိန်မှီ ဖြေဆေး မပေးနိုင်ရင် သေနိုင်ပါတယ်။

ဒါကြောင် တိရစ္ဆာန်တွေကို ဘယ်လိုအကြောင်းမျိုးနဲ့မှ ထောပတ်သီး မကျွေး မိ စေရန်တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref: medic-facts
International news for myanmar

---

0 comments: