ဘုကျကျသူဌေးနှင့် ဘုကျကျ အင်တာဗျူး



သူဌေးတစ်ယောက်ဟာ သူ့အလုပ်သစ်တိုးချဲ့ ဖို့အတွက် ဝမ်ထိုးလိုအပ် တဲ့အတွက် အင်တာဗျူး စခေါ်ပါတယ်။ သူ့မှာ နားရွက် မပါတဲ့ ရပ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိပါတယ်။


အင်တာဗျူး ပထမဆုံး ဝင်တဲ့ လူကို မေးလိုက်တယ်။ "မောင်ရင် လုပ်ရမယ့် အလုပ်က အသေးစိတ်အချက်ကြတယ်။ အဒါတွေ မပြောခင် အန်ကယ့် မှာ ဘာထူးခြားချက်လေး ရှိလဲ မြင်သလောက်လေး ပြောပါအုံး"

"အန်ကယ့်မှာ နားရွက်မပါဘူး" လို့ပြန်ဖြေတဲ့အခါ သူဌေးက

"မောင်ရင် မင်းသွားလို့ ရပြီ" လို့ပြောပြီး အပြင်ထွက်ခိုင်းလိုက်ပါတယ်။

ဒုတိယမြောက် အင်တာအဗျူးခံမယ့် လူဝင်လာတော့လည်း "မောင်ရင် လုပ်ရမယ့် အလုပ်က အသေးစိတ်အချက်ကြတယ်။ အဒါတွေ မပြောခင် အန်ကယ့် မှာ ဘာထူးခြားချက်လေး ရှိလဲ မြင်သလောက်လေး ပြောပါအုံး" လို့ပဲ မေးပါတယ်။ ဖြေတဲ့ သူကလည်း

"အန့်ကယ့်မှာ နားရွက်မပါဘူး" လို့ဖြေပြန်ပါတယ်။

ဒီတော့ သူလည်း မောင်းထုတ်ခံရပါတယ်။

တတိယမြောက်ဖြေမယ့်သူက ဝင်ဝင်လာချင်းပဲ "နားရွက်လည်း မပါပါလား" လို့ ပြုံးစိစိနဲ့ ရေရွတ်မိလိုက်တော့ ပစ္စည်းနဲ့ ပစ်ပေါက်မတတ် ဟိန်းဟောက် မောင်းထုတ်လိုက်ပါတယ်။

ဒီတော နောက်ဆုံး အင်တာအဗျူးခံမယ့် လူငယ်ကို အရှေ့  က စီနီယာ တွေက

 " ဘော့စ်က သူနားရွက်မပါတာကို ပြောတာ မကြိုက်ဘူးကွ။ အဲဒါလေးရှောင်ဖြေ" လို့ အကြံပေး ပြောသွားပါတယ်။

ဒီလိုနဲ့ နောက်ဆုံး အင်တာအဗျူးခံမယ် လူ ဝင်လာတဲ့အခါ သူဌေးက

"မောင်ရင် လုပ်ရမယ့် အလုပ်က အသေးစိတ်အချက်ကြတယ်။ အဒါတွေ မပြောခင် အန်ကယ့် မှာ ဘာထူးခြားချက်လေး ရှိလဲ မြင် သလောက်လေး ပြောပါအုံး" လို့ပဲ ထပ်မေးပါတယ်။

ဒီတော့ လူငယ်က

"ဟုတ် သတိထားမိတာကတော့ အစ်ကို့ရဲ့  ဝတ်စားဆင်ယင်မှု ဒီဇိုင်းပါ" လို့ လေးလေးနက်နက် စဉ်းစားရင်း ဖြေနေပုံ အတိုင်း ပြောပါတယ်။ ဒါကို ကျေနပ်အားရတဲ့ သူဌေးက

"ဟာ...။ မင်းတော်တယ်ကွာ။ အန်ကယ့် ရဲ့  ဝတ်စားဆင်ယင်မှုနဲ့ ပက်သက်ပြီး ဘယ်လို ကောက်ချက်ချမိတုန်း" လို့ထပ်မေးပါတယ်။ ဒီတော့ လူငယ်က အောက်ပါအတိုင်း ဖြေပါတယ်။

"အင်း။ ခင်ဗျားမှာ နားရွက်မပါဘူးဆိုတော့ မျက်မှန်ဘယ်လိုတပ်မလဲ စဉ်းစားနေတာ"
---

Ref: everyjokes
International news for myanmar
--

0 comments: