ဘူတန်မှ ကျောက်ကမ်းပါးထက်က ဘုန်းကြီးကျောင်း


ဘူတန်နိုင်ငံ၊ Paro ပြည်နယ်၊ Paro တောင်တန်းပေါ်မှာ တည်ဆောက်ထား တဲ့ ဘုန်းကြီးကျောင်း ဖြစ်ပါတယ်။

၈ ရာစုလောက်က တိဘက်ဗုဒ္ဓဘာသာမှာ ကိုးကွယ်ရတဲ့ ဂုရု Padmasambhava ဟာ ကျားကိုစီးပြီး ယင်းတောင်က ဂူထဲမှာ ၃ နှစ်၊ ၃လ၊ ၃ ပတ်၊ ၃ ရက်၊ ၃ နာရီ တရားအားထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်းကို အဆွဲပြုလို့ Tiger’s Nest Monastery လို့လည်းခေါ်ပါတယ်။


သို့ပေမယ့် ဘုန်းကြီးကျောင်းကို စတင် တည်ဆောက်တာကတော့ ၁၆၉၂ ခုနှစ်ကလို့ ဆိုပါတယ်။ ၁၉ ရာစု ဖြစ်ပြီး ခေတ်အဆက်ဆက် ထိန်းသိမ်း လာမှုကြောင့် ဘုန်းကြီးကျောင်းဟာ ယနေ့တိုင် တည်ရှိတာ ဖြစ် ပါတယ်။ တောင်ထိပ်မှာ မဟုတ်ပဲ တောင်ဘေး တစ်နေရာမှာ ယခုလို တည်ရှိနေပါတယ်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၃ ထောင်ကျော်မက မြင့်တဲ့ တစ်နေရာမှာ တည်ရှိပြီး ဆိုးရွားတဲ့ ရသီဥတု ဒဏ် ကို ခံနိုင်း စွမ်းရှိပတယ်။

ဘူတန်နိုင်ငံရဲ့  ဗုဒ္ဓဘာသာအတွက် အထူးခြားဆုံး အမှတ်သား လက္ခဏာ တစ်ခု အဖြစ် တည်ရှိနေကြောင်း သိရပါတယ်။
---
Ref: wiki
International news for myanmar

--

0 comments: