KFC တည်ထောင်ဖြစ်ပုံ



ယနေ့ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စားသောက်ဆုံး အုပ်စု အဖြစ် KFC က ရပ်တည်နေပြီး တည်ထောင်သူကတော့ Harland Sanders လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။


သူစတင်တည်ထောင်တုန်းက ၁၉၃၀ ခုနှစ်ကာလ ဖြစ်ပြီး ကမ္ဘာ့ စီးပွားနဲ့ စစ်ပျက်ကပ် အချိန်ပါပဲ။ လူတွေလက်ထဲမှာ သုံးစရာ ပိုက်ဆံ မရှိတော့တဲ့ အခြေအနေ တစ်ခုမှာ ဖြစ်ပါတယ်။ အမေရိကန်  Louisville, Kentucky, မှာ ဖြစ်ပြီး သူစလုပ်တုန်းက ဓာတ်ဆီဆိုင်ပါ။ ဓာတ်ဆီဆိုင်မှာ ဆီလာဝယ်သူများဟာ လက်ထဲမှာ ငွေမရှိတော့ပါဘူး။ ဒါကြောင့် သူတို့ဆီမှာ ရှိတဲ့ အစားအစာများကို ပေးတဲ့အခါ ကြက်က အများဆုံး ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်မို့ သူဟာ ငွေမဟုတ်လဲ ပေးတဲ့ ကြက်ကို လက်ခံပြီး စားသောက်ဆိုင်လေး တစ်ခု စဖွင့်ကြည့်ပါတယ်။ ဒီတော့ ငွေပေးလာနိုင်သူများလည်း တဖြည်းဖြည်း ရှိလာတော့ ဆီလည်း ရောင်းရ၊ ကြက်ကြော်လည်း ရောင်းရ ဖြစ်လာပြီး နှစ်အနည်းငယ် အတွင်းမှာပဲ အောင်မြင်သွားပါတယ်။

၁၉၅၀ ရောက်တော့ ဆိုင်ခွဲ ပေးတဲ့ စနစ်မျိုးနဲ့ ပြန်လည် ပြုလုပ်ရာ အောင်မြင်ခဲ့ပြီး ကမ္ဘာ့ အအောင်မြင်ဆုံး စားသောက်ဆိုင် အုပ်စု ဖြစ်လာပါတယ်။
.
Ref: wiki
အောင်ခမ်း (www.innewsmyanmar.com)
.

0 comments: